ဒေဝီကိုးပါး ဆေးတော်ကြီး ဖော်စပ်နည်း
ဤဆေးတော်ကြီးကို နက္ခတ်-ကမ္ပတ် နှစ်ဖက်မြင်တွင် နံနက် နေဝင်းပေါ်မှ စတင်၍ ကြိတ်လေ။ ပင့်၍ ကြိတ်ပြီးလျှင် ကိုးစု စု၊ ကိုးထောင့် တောင့်။ ပဌမ ဆေးတောင့်ကို ( စ-ဝ-ဓ-ဗ) လေးကွက် အင်းချ၊ သူရဿတီဒေဝီဟု ဘွဲ့ပေးပါ။ ဒုတိယ ဆေးတောင့်ကို (ဝ-စ-ဓ-ဗ) လေးကွက် အင်းချ၊ သိရီဒေဝီဟု ဘွဲ့ပေးပါ။