collapse
Home / 1875ဗေဒင် / ကိုယ့်ရဲ့လုပ်ငန်း အသစ်စရင်ကောင်းမှာလား? ​

ကိုယ့်ရဲ့လုပ်ငန်း အသစ်စရင်ကောင်းမှာလား? ​

2022-06-04  Free
ကိုယ့်ရဲ့လုပ်ငန်း အသစ်စရင်ကောင်းမှာလား? ​
 

Pile 1 - ကိုယ့်ရဲ့အလုပ်သစ်အကိုင်သစ်လေးတွေစဖို့အတွက်ကို ကိုယ်ကိုယ်တိုင်ကကြိုးစားပြီး အားစိုက်လုပ်ရမယ့်ထဲမှာပါပါတယ်။ ဒီကဒ်ကိုရွေးလိုက်တဲ့သူတော်တော်များများက တစ်ခုခုဆိုရင် အရမ်းတွေဝေတတ်ပါတယ်။ မဖြစ်နိုင်တာကို အရင်ကြိုတွေးတတ်တဲ့သူဖြစ်တဲ့ အတွက် သေသေချာချာစဉ်းစားပြီး စမယ်ဆိုရင်ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်။ ​

Pile 2 - ကိုယ့်ရဲ့အလုပ်က စပ်တူဆိုရင်ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းအသစ်ကိုစဖို့အတွက် ကိုယ့်ဘေးနားကဆရာသမားလိုလူတွေနဲ့ သေချာတိုင်ပင်ပြီးတော့လုပ်ရပါလိမ့်မယ်။ ရွေးချယ်မှုမမှားဖို့လဲလိုအပ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ တစ်ပါးသူအကြံဉာဏ်လေးရယ်ပေါင်းစပ်ပြီး လုပ်ငန်းလေးလုပ်ကိုင်မယ်ဆိုရင်ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်။ ​

Pile 3 - ကိုယ်ပိုင်လုပ်ငန်းလေးစဖို့အတွက်ကို အဆင်မပြေနိုင်သေးပါဘူးနော်။ ပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်လဲကြီးနေတာမျိုး၊ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ကူညီမှုကိုမရတာမျိုးလေးတွေ ကြုံနေရတတ်ပါတယ်။ ဒီနှစ်ထဲမှာတော့လုပ်ငန်းအသစ်တွေလုပ်ဖို့ကို နောက်ဆုတ်ထားမှအဆင်ပြေပါလိမ့်မယ်။ ​

Pile 4 - လုပ်ငန်းအသစ်စရင် ကောင်းမှာပါ။ ဒါပေမယ့်ကိုယ်ကိုယ်တိုင်က လက်တွေ့မှာ လုပ်ငန်းစဖို့ကိုဝေခွဲမရလေးတွေဖြစ်နေတတ်ပါတယ်။ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာတာမျိုးလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ လုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ့်အတွက်အကျိုးရှိမရှိ သေချာလေးဝေခွဲစေချင်ပါတယ်။ 

1875 Bay Din