collapse
Home / 1875ဗေဒင် / Leo Born တွေရဲ့ နှလုံးသားအရေးနဲ့စိတ်နေသဘောထား

Leo Born တွေရဲ့ နှလုံးသားအရေးနဲ့စိတ်နေသဘောထား

2022-07-14  Free

Leo Born တွေရဲ့ နှလုံးသားအရေးနဲ့စိတ်နေသဘောထား

Leo တွေဟာလည်း Fire Element ပိုင်ရှင်တွေဖြစ်ကြပြီး တတ်ကြွကာအရာရာကိုစူးစမ်းလိုစိတ်နဲ့ စိတ်အားထက်သန်စွာလုပ်ဆောင်တတ်တဲ့လူမျိုးတွေဖြစ်ကြပါတယ်။

သူတို့ရဲ့အရည်အချင်းတွေနဲ့ ယုံကြည်မှုတွေဟာသူ့အတွက်အကောင်းဆုံးအဖော်တွေဖြစ်ကြပြီးတော့ အရာရာကိုကိုင်တွယ်နိုင်ဖို့အတွက်ထိုအားသာချက်ကို​ကောင်းစွာ Handle လုပ်နိုင်တဲ့သူ​လေး​တွေဖြစ်ကြပါတယ်။
Leo တွေဟာကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး ကိုယ်တဲ့စိတ်တူကိုယ်တူလူမျိုးတွေကိုစိတ်ဝင်စားသဘောကျလေ့ရှိပါတယ်..
 
သူတို့ဟာအချစ်ရေးမှာ ဉာဏ်ကောင်းပြီးရုပ်ချောတဲ့သူတွေကိုနှစ်သက်တတ်ကြကာကိုယ်နဲ့ရင်ဘောင်တန်းနိုင်မဲ့ လက်တွဲဖော်မျိုးကိုရွေးချယ်လေ့ရှိကြပါတယ်။
 
ရုပ်ကလည်းချော၊ပညာလေးကလည်းတတ်၊ပိုက်ဆံလေးကလည်းရှိ အဲ့သည်လို အရာရာပြည့်စုံတဲ့သူလောက်ကိုပဲ သူတို့ကမျှော်လင့်ကြပါတယ်။
 
အလိုကြီးရင်အရနည်းတယ်ဆိုတဲ့ အတိုင်း Leo တွေ အပျိုကြီးလူပျိုကြီးဖြစ်ကြတာများပါတယ်။
 
1875 Bay Din