collapse
Home / 1875ဗေဒင် / နိုင်ငံခြားကိုသွားပြီးအခြေချသင့်လား? ​

နိုင်ငံခြားကိုသွားပြီးအခြေချသင့်လား? ​

2022-05-21  Free
နိုင်ငံခြားကိုသွားပြီးအခြေချသင့်လား? ​

Pile 1- နိုင်ငံခြားကိုသွားပြီးအခြေချဖို့အတွက်ကို အနည်းငယ်ကြန့်ကြာနေတတ်ပါတယ်။ အခြေချနေထိုင်မယ်ဆိုရင် ပိုပြီးတော့ကိုယ့်အတွက်ကောင်းနိုင်ပါလိမ့်မယ်နော်။ အခြေချသင့်တဲ့ထဲ ကိုယ်ပါပါတယ်နော်။ ဒါပေမယ့်ကိုယ်နိုင်ငံခြားရောက်ဖို့အတွက်ကို ကြားလူအနှောက်အယှက်လေးတွေရှိနေရတတ်ပါတယ်။

Pile 2- နိုင်ငံခြားသွားပြီးအခြေချသင့်လားဆိုရင် မချသင့်ပါဘူးနော်။ နိုင်ငံခြားသွားမယ်ဆိုရင်တောင် ကျောင်းတက်တာလောက် ငွေရေးကြေးရေးရှာတာလောက်ပဲလုပ်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်လာပြီး အခြေချမယ်ဆိုပိုပြီးတော့အဆင်ပြေပါလိမ့်မယ်။

Pile 3- နိုင်ငံခြားသွားပြီး‌အခြေချသင့်လားဆိုရင် အခြေချသင့်ပါတယ်နော်။ အခြေလဲချဖြစ်သွားဖို့ရှိကောင်းရှိလာပါလိမ့်မယ်။ အိမ်ထောင်ဖက်ကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားရေးကြောင့်ပဲဖြစ်ဖြစ် အခြေချနေထိုင်သွားဖို့အလားလာမှာရှိနေတတ်ပါတယ်။ ဖြစ်ချင်တာတွေနဲ့ဖြစ်နေတာလေးတွေတစ်ခုစီလဲဖြစ်နေရတတ်ပါတယ်။​

Pile 4- နိုင်ငံရပ်ခြားကိုသွားဖို့အတွက်ကို အိမ်နဲ့အတိုက်အခံလုပ်ပြီးမှသွားရမယ့်ထဲပါပါတယ်နော်။ နိုင်ငံရပ်ခြားကိုသွားပြီး အခြေချသင့်လားဆိုရင်အခြေချသင့်ပါတယ်။ ဒါပေမယ့်ရေမြေရပ်ခြားမှာဒုက္ခရောက်နေတတ်ပါတယ်။ ‌ကိုယ်သည်းခံပြီးကြိုးစားရင်ကြိုးစားသလောက်ကို ပြန်ထနိုင်မှာဖြစ်တဲ့အတွက် အခြေချဖို့ကြိုးစားတာပိုကောင်းပါလိမ့်မယ်။
 
1875 Bay Din