collapse
Home / 1875ဗေဒင် / ဆံပင်ကပြောသောသင့်အကြောင်း

ဆံပင်ကပြောသောသင့်အကြောင်း

2022-05-28  Free
ဆံပင်ကပြောသောသင့်အကြောင်း

လူတစ်ယောက်ရဲ့စိတ်ဓာတ်အမူအကျင့်ကို ဆံပင်ကလည်း ဖော်ပြတတ်ပါတယ်။ ဆံပင်ဟာ ခန္ဓာကိုယ်တွင်းက အာဟာရဓာတ်ကိုစုပ်ယူပြီး တည်ရှိနေကြတဲ့ပြွန်ချောင်းလေးတွေပါ။ ဒီအာဟာရဓာတ်တွေက ဆံပင်အရောင်အသွေးကို အမျိုးအမျိုးဖြစ်စေပြီး ရွှေဝါရောင်ကနေ အမှောင်ဆုံးညိုနက်ရောင်အထိဖြစ်စေပါတယ်။ ​
မိတ်ဆွေ၊ သူငယ်ချင်းအချင်းချင်းကြားမှာ ဆံပင်ကောက်ရင် စိတ်ကောက်လွယ်တတ်တဲ့သူတွေဆိုပြီးတော့ စနောက်လေ့ရှိကြပါတယ်။ ဒါကအမှန်တကယ်ရော ဟုတ်ရဲ့လားဆိုတာအပါအ၀င် ဆံပင်အရောင်အသွေးနဲ့ ဆံသားကိုကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်အမူအကျင့် ဘယ်လိုရှိနိုင်မလဲသိရအောင် ပညာရှင်တွေရဲ့ဟောပြောချက်ကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။ ​

ဆံပင်ဆံသားအရ….​

(၁) ဆံပင်ခွေလိပ်နေပါက စိတ်ဓာတ်ခိုင်မာပြီး အင်အားကောင်းတတ်သူတွေပါ။​
(၂) ဆံပင်ဖြောင့်ဖြူးနေပါက စိတ်ဓာတ်တည်ကြည်ပြီး စိတ်သဘောထားပြည့်၀သူတွေပါ။​
(၃) ဆံပင်ကြမ်းနေသူတွေက ခွန်အားကောင်းတတ်ပြီး အလုပ်မရွေးလုပ်ကိုင်နိုင်ပြီး အသက်မွေး၀မ်းကျောင်းပြုနိုင်သူတွေပါ။​
(၄) ဆံသားနုနေသူတွေက သိမ်မွေ့လွန်းတတ်ပြီး စိတ်ထိခိုက်လွယ်သူတွေပါ။ အမျိုးသားဆံသားနုသူတွေကတော့ အမျိုးသမီးဆန်တတ်ကြပါတယ်။​
ဆံပင်အရောင်အသွေးအရ....​
(၁) ဆံပင်အရောင်နီနေရင်တော့ စိတ်ဆတ်တတ်ပြီး စိတ်မြန်စိတ်ကြီးသူတွေပါ။ ​
(၂) ဆံပင်ရွှေရောင်ရှိသူများကတော့ စိတ်ပြောင်းလွယ်တတ်ပြီး ကိုယ်ကာယပျော့ညံ့တတ်သူတွေဖြစ်ပါတယ်။​
(၃) ဆံပင်အရောင်နက်မှောင်နေပါက ချစ်စိတ်မုန်းစိတ်ပြင်းထန်ပြီး ရန်ငြိုးဖွဲ့လက်တုံ့ပြန်တတ်ပါတယ်။ခန္ဓာကိုယ်အင်အားသန်စွမ်းသူတွေဖြစ်ကြတယ်ဆိုတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။

1875 Bay Din