စိတ်စွဲမြင်မက်သော အိပ်မက်နိမိတ်များ
လူတိုင်းအိပ်မက်မက်ဖူးကြမှာပါ။ တချို့သော အိပ်မက်တွေက မြင်ခြင်း၊ ကြားခြင်း၊ စားရခြင်း၊ သောက်ရခြင်းတို့အပြင် စိတ်ကိုစွဲပြီးမက်တဲ့ အိပ်မက်တွေလည်းရှိတတ်ပါတယ်။
စိတ်စွဲပြီးမက်တဲ့အိပ်မက်တွေထဲမှာ သွေးလေချောက်ချားတာကြောင့်မဟုတ်ဘဲ နိမိတ်ပြတဲ့အိပ်မက်တွေလည်းရှိတတ်ပါတယ်။
(၁) ရဟန်း၊ ပုဏ္ဏား၊ ပညာရှိတို့ကိုစိတ်စွဲ၍ မြင်မက်ပါက စည်းစိမ်ဥစ္စာတိုးပွားတတ်ပါတယ်။
(၂) တစ်စုံတစ်ရာကို စွဲလန်း၍ အိပ်မက်ထဲမှာပင် ဆတ်ခနဲနိုးလာသည်ဟုမြင်မက်ပါက အထက်လူကြီး၏ ချီးမြှင့်မြောက်စားမှု ခံရတတ်ပါတယ်။
(၃) မည်သူ့ကိုမှ စကားပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေသည်ဟု မြင်မက်ပါက အသက်အန္တရာယ်တစ်ခုခုနှင့် ကြုံရတတ်ပါတယ်။
(၄) ရန်သူအပေါ်စိတ်စွဲ၍ မြင်မက်ခဲ့ပါက ရန်သူ့ထံမှအမျက်ပြေစကားကြားရပြီး စိတ်လက်ချမ်းသာတတ်ပါတယ်။
(၅) ချစ်သူအပေါ်စိတ်စွဲ၍ မြင်မက်ပါက ချစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်တတ်ပါတယ်။
(၆) သူတစ်ပါးပစ္စည်းဥစ္စာအပေါ် တပ်မက်စိတ်စွဲ၍ မြင်မက်ခဲ့ပါက မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ရန်သူမျိုးငါးပါးအန္တရာယ်ကျရောက်တတ်ပါတယ်။
(၇) အလုပ်တစ်ခုခုအပေါ် စိတ်စွဲ၍ မြင်မက်ခဲ့ပါက အလုပ်ကိစ္စတစ်ခုခုလွဲချော်ခြင်း၊ အထစ်အငေါ့ဖြစ်ခြင်းတို့ ကြုံရတတ်လို့ ဖော်ပြထားပါတယ်။
၇ ရက်သားသမီးများအားလုံး အိပ်မက်နိမိတ်ကောင်းများမြင်မက်ပြီး လာဘ်လာဘများတိုးပွားကြပါစေ…။
1875 Bay Din