တာတေတောင်တော်ဘုရင်မ အပိုင်း(၁)
မရမ်းသီးလေးတွေ ပေါ်စအချိန်ဗျ။
ကျုပ်တို့ အညာမှာ အအေးတော့ လျော့သွားပြီ။ နေ့ခင်း နေ့လယ်ဆိုရင် အပူရှိန်လေးတိုးလို့ဗျ။
“ဟဲ့ တာတေ၊ လာဟေ့၊ ထမင်းစားမယ်”
ကျုပ်က နှမ်းပြာဖို့ အဘ စကောယက်လက်စတွေ ဆက်ယက်နေတာဗျ။ မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်မှာ လေဗျာ။ ရေနွေးကြမ်းလေးသောက်လိုက်၊ နဂါးဆေးပေါ့လိပ်ကလေးဖွာလိုက်၊ လက်ဖက်ကလေး တစ်ဇွန်းခပ်ပြီ