Taurus Signs အကြောင်းတစေ့တစောင်း
ယခုပြောပြမယ့် Zodiac Sign ကတော့ Playground တစ်ဖြစ်လဲ ချစ်တတ်လွန်းသူကြီးများဖြစ်တဲ့ Taurus တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
Taurus တွေဟာ ဘယ်အရာကိုမဆို စိတ်အေးအေးထားလေ့ရှိကြပြီး အေးအေးဆေးဆေးလုပ်ကိုင်တတ်ကြသူတွေဖြစ်ပါတယ်။ သူ့တို့ကိုလာ လော ရင်လဲမကြိုက်သလို အပြင်သွားမယ်ဆိုတိုင်း အမြဲနောက်ဆုံးမှ ပြီးတတ်ကြသူတွေဖြစ်တာကြောင့် ဒီနေ့သွားမယ်ဆို မနေ့ကလောက်ထဲက ကြိုတင်ပြင်ဆင်ခိုင်းထားမှ တော်ကာကျမယ့် လူတွေဖြစ်ကြပါတယ်။
ပြီးတော့သူတို့တွေဟာ သူများတွေကို အကြံဉာဏ်ကောင်းတွေလဲမပေးတတ်ကြသလို သူကိုအကြံလာတောင်းတဲ့သူတွေကိုဆိုရင်လဲ မသိချင်ယောင်ဆောင်ပြီး အူကြောင်ကြားအကွက်ခင်းတတ်ကြသူတွေဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ Taurus တွေဟာ အာရုံအနောက်မခံလိုတဲ့သူတွေဖြစ်တာကြောင့် သူများပြဿနာတွေကိုဆို ခေါင်းရှောင်လေ့ရှိကြတာပဲဖြစ်ပါတယ်။
Taurus တွေဟာ ဟိုဟာလုပ်ဒီဟာလုပ်ဆိုတဲ့ အမိန့်တွေကို မကြိုက်ကြပဲ ပြန်အရွဲ့တိုက်တတ်ကြသူတွေဖြစ်ပါတယ်။
Taurus Born တွေအများစုဟာလူ့ကန့်လန့် တွေဖြစ်ကြပေမယ့် လူများတွေရှေ့မှာတော့ သူတို့ကိုယ်သူတို့ အေးဆေးတည်ငြိမ်တဲ့ အသွင်နဲ့ ဖုံးကွယ်ထားတတ်သူတွေဖြစ်ကြပါတယ်။
အချစ်ရေးမှာလဲ ခဏခဏ အပလေး ခံနေရတဲ့ Sign တွေဖြစ်ကြသလို အပလေးဆုံး Sign တွေကလဲ Taurus တွေဖြစ်ကြပါတယ်။
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးကိုယ်စီရှိတတ်ကြပြီး ကြိုးစားဖို့ နှောင့်နှေးတတ်သူတွေဆိုရင်လဲ မမှားပါဘူး။
1875 Bay Din