collapse
Home / 1875ဗေဒင် / ရာသီဖွားတို့ရဲ့ အကျင့်စရိုက်လက္ခဏာများ

ရာသီဖွားတို့ရဲ့ အကျင့်စရိုက်လက္ခဏာများ

2022-09-16  Free

ရာသီဖွားတို့ရဲ့ အကျင့်စရိုက်လက္ခဏာများ

 
မွေးဖွားသူတို့ရဲ့ ဖွားရာသီကိုလိုက်ပြီး ထိုသူရဲ့ အကျင့်စရိုက်လက္ခဏာများဟာ တစ်ဦးနှင့်တစ်ဦးမတူညီပဲ ကွဲပြားလေ့ရှိကြပါတယ်။
ဒီတစ်ခေါက်မှာတော့ ဘယ်သတ္တဝါလေးတွေက ဘယ် Sign ကို ကိုယ်စားပြုပြီး ဘယ်လို ပင်ကိုယ်စရိုက်လေးတွေရှိလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။
 
Aries♈
Aries ကို ကိုယ်စားပြုတဲ့ သတ္တဝါကတော့ ကျားဖြစ်ပြီး ရဲရင့်ခြင်း၊ဉာဏ်ရည်ထက်မျက်ခြင်း၊မာနကြီးခြင်း စသည်တို့ကိုကိုယ်စားပြုတာပဲဖြစ်ပါတယ်။
 
Taurus♉
Taurus ကိုကိုယ်စားပြုတဲ့သတ္တဝါက Panda ဝက်ဝံလေးတွေဖြစ်ပြီး ပျင်းရိခြင်း၊ချစ်စရာကောင်းခြင်းနှင့် နွေးထွေးမှုတွေကို ဖော်ဆောင်ထားတဲ့ Sign လေး​တွေပဲဖြစ်ပါတယ်။
 
Gemini♊
Gemini ကတော့ Dolphin (လင်းပိုင်) ကိုကိုယ်စားပြုတာဖြစ်တာကြောင့် ဉာဏ်ရည်ထက်မြက်မှု၊ဖော်ရွေမှုနှင့်၊ပေါင်းသင်းဆက်ဆံရေးစတာတွေကို ဖော်ဆောင်တဲ့ Zodiac Sign တစ်ခုပဲဖြစ်ပါတယ်။
 
Cancer♋
ဝက်ဝံလေးတွေကိုကိုယ်စားပြုတဲ့ Cancer sign ပိုင်ရှင်တွေကတော့ လူသားဆန်မှု၊မိခင်စိတ်ပြည့်၀မှု၊ကာကွယ်စောင့်ရှောက်မှုတွေကို ဖော်ဆောင်တဲ့ Kindness Sign လေးတွေပဲဖြစ်ကြပါတယ်။
 
Leo♌
ခြင်္သေ့ကိုယ်စားပြု Leo Sign ဟာဆိုရင်တော့ ခေါင်းဆောင်နိုင်မှု၊ရဲရင့်မှုနှင့် လေးနက်တည်ကြည်မှုတို့ဖြင့် ဖော်ဆောင်ထားတဲ့ အားကိုးချင်စရာ Zodiac Sign လေးတွေဖြစ်ကြပါတယ်။
 
Virgo♍
Virgo Sign တွေဟာ ကြောင်တွေကို ကိုယ်စားပြုတဲ့ Sign ဖြစ်တာနှင့်အညီ ဂရုစိုက်မှု၊နားလည်မှုနှင့်၊Sensative Vibe တွေ ရောပြွန်းထားတာမို့ ပူစီတို့လိုပဲ တကယ်နားလည်ရခက်တဲ့ ဟူးမန်း Sign တွေဖြစ်ကြပါတယ်။
 
Libra♎
Libra တွေဟာ သစ္စာတရားကိုအလွန်လေးစားတန်ဖိုးထားတဲ့ Sign ဖြစ်တာနှင့်အညီ ခွေးသတ္တဝါ တွေကို ဖော်ဆောင်တဲ့ Sign ဖြစ်တာမို့ တက်ကြွမှု ၊ထက်မြက်မှု၊ဆွဲဆောင်မှုနှင့်ဖော်ရွေမှုတွေကို ကိုယ်စားပြုတဲ့ big loyal Sign လေးတွေဖြစ်ကြပါတယ်။
 
Scorpio♏
Scorpio တွေကိုတော့ ဇီးကွက်နှင့် နှိုင်းယှဉ်ဖော်ပြကြပြီး ချစ်ခြင်းမေတ္တာ၊ဆွဲဆောင်မှုနှင့်လျှို့၀ှက်ဆန်းကြယ်မှုတွေကို ကိုယ်စားပြုတဲ့ Sign လို့သတ်မှတ်ကြတာပဲဖြစ်ပါတယ်။
 
Sagittarius♐
Sagittarius တွေဟာ သွက်လက်မှု၊ဟာသဉာဏ်ရွင်မှုနှင့်အရာရာအပေါ်တက်ကြွစွာ လုပ်ကိုင်တတ်ခြင်း စတဲ့ ပင်ကိုယ်စရိုက်တွေကို ပိုင်ဆိုင်ထားတဲ့ Sign တွေဖြစ်တာကြောင့် Sagi တွေကိုမျောက်အနေနဲ့ကိုယ်စားပြုသတ်မှတ်ကြတာပဲဖြစ်ပါတယ်။
 
Capricorn♑
Capricorn တွေကလည် ထက်မြက်ခြင်း၊ဉာဏ်များခြင်းနှင့်လွပ်လပ်မှုကို နှစ်သက်တဲ့ Sign တွေဖြစ်တာကြောင့် မြေခွေးအနေနဲ့ ဖော်ဆောင်ထားတဲ့ ချစ်စရာ အကောင်း ဆုံး Zodiac Sign တစ်ခုဆိုလည်းမမှားပါဘူး။
 
Aquarius♒
Aquarius တွေကိုတော့ ဝံပုလွေနှင့်ကိုယ်စားပြုဖော်ဆောင်တတ်ကြပြီး ပြင်းထန်သောစိတ်ဓာတ်၊အရာရာကိုသတိကြီးကြီးထားတတ်သောစိတ်နှင့်သတိထားစရာ ပြင်းထန်သောခံစားချက်များကိုဖော်ဆောင်ထားတဲ့ Zodiac Sign တွေဖြစ်ကြပါတယ်။
 
Pisces♓
နူးညံ့အေးချမ်းမှုကိုလိုလားတဲ့ Pisces တွေဟာဆိုရင်တော့ လိပ်ပြာ ကိုကိုယ်စားပြုဖော်ဆောင်တဲ့ Sign ဖြစ်ပြီး ခန့်မှန်းနိုင်မှု၊ပြတ်သားမှုနှင့်မာနထောင်လွားမှုတို့ဖြင့် ဖော်ဆောင်ထားတဲ့ Sign ဖြစ်ပါတယ်။
 
ဒါတွေကတော့ မိတ်ဆွေတို့ဖွားရာသီအလိုက် ကိုယ်စားပြုတဲ့ သတ္တ၀ါလေးတွေနှင့် ဖော်ဆောင်တဲ့ စိတ်နေသဘောထားလေးတွေဖြစ်ပါတယ်။
 
1875 Bay Din