အင်္ကျီလေးတစ်ထည် အပိုင်း - ၅
“အဘွားဆယ် ဘာဆိုတာကို သမီးသိလောက်ပါပြီ။ အဘွားဆယ်ဟာ ငယ်စဉ်အချိန်က သိပ်ဆိုးခဲ့တယ်။ ပညာမာန သိပ်တက်ခဲ့တာ။ ကြီးလာတော့လည်း ငြိမ်ငြိမ်အေးအေးလေးပဲ နေတော့တယ်။ ဒီမှာသမီး ဟောဒီအင်္ကျီရဲ့ အစွမ်းကို ပြောပြမယ်။ သမီးဝတ်လိုက်လို့ရှိရင် ပညာသည်တွေလာခစားမှာပဲ။ တစ်ခု သမီးသတိထားဖို့ကတော့ ဒီအင်္ကျီကို ဘယ်သူမှပေးမဝတ်လိုက်လေနဲ့။ ဝတ်တဲ့လူရဲ့ ကံကြမ္မာဟာ ဆိုးဝါးသွားမှာပဲ”.........