ထိုမျှမက သုံးဆယ့်တစ်ဘုံတွင် ကျင်လည်နေသမျှ သတ္တဝါအပေါင်းတို့အား ကျွန်ုပ်နှင့်အတူ ခုနစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ဆွမ်းတော်ကပ်လှူနိုင်ကြပါရန် ပရိသတ်အားလုံး ရှိလို့လှူ၊ လှူလို့ရှိကြရာမှ ရှိပြီးရင်းရှိလာကြပါစေ..........
တောင်ပြုံးဆုတောင်းပြည့်ဘုရားနှင့် စောင်းတန်းများ၊ မယ်ဥတောင်ရှိ အဆောက်အအုံများ၊ စစ်ကိုင်းတောင်နှင့် အောက်ကျိုက်ထီးရိုးရှိ လမ်းများ၊ တောင်ကြီးမြို့ရှိ တောင်ပေါ်ဘုရား၊ ပဲခူးရွှေဟင်္သာကုန်းရှိ သံတန်ဆောင်းများနှင့်........
စစ်ကိုင်း၊ ရေး၊ လှိုင်၊ ပုခန်းငယ်၊ လယ်တောတွင်း၊ စပါး၊ ရမည်းသင်း၊ တောင်တမန်ကန်၊ မိတ္ထီလာ ဟူသော ရှေးဆိုစကားအရ မြန်မာဘုရင်များ ရှိစဉ်က မြန်မာပြည်အထက်ပိုင်း၌ စပါးအများဆုံးထွက်သော မြို့နယ် ရမည်းသင်းဖြစ်ခဲ့သည်။ ထိုသို့ဆန်ရေစပါးများသော အရပ်ဒေသ၌ နေထိုင်ကြရသော........
“မင်းတို့ ဘုရင်ကြီးက တွေ့လိုတယ်ဆိုရင်လဲ ဘိုးဘိုးလိုက်ရတာပေါ့၊ မင်းတို့ဘည်း ပင်ပန်းလာခဲ့ကြတယ်၊ အဲဒီတော့ ပြန်နှင့်ကြ၊ တံခါး အနီးအဝက စောင့်နေရစ်ကြ၊ ဘိုးဘိုးရောက်လာမယ်၊ မင်းတို့လည်း အပြန်ခရီးမှာ ပင်ပန်းခြင်းမရှိအောင်.....
တစ်နေ့သော ညနေတွင် မညိုသည် ပန်းရောင်းမြဲ ရောင်းနေသည်။ ထိုအခိုက် ခါတိုင်း တောင်ပေါ်တက်နေကျ ဝတ်ဖြူစင်ကြယ် လူသူတော်ကြီး ရောက်ရှိလာသည်။ မညိုသည် ခါတိုင်းကဲ့သို့ပင် ကောင်းပေ့ဆိုသည့် ပန်းစည်းများကို ပေးလှူသည်။ ထိုအခါ ဘိုးဘိုးအောင်က......
ဘိုးတော်ဦးဝိုင်းသည် မောင်အောင်အား သူငယ်ချင်းဖြစ်သော်လည်း မယုံကြည်ခဲ့။ ဤမျှ အစွမ်းရှိသောသူသည် တစ်နေ့တွင် မိမိ၏ ခက်ခက်ခဲခဲရရှိထားသော ထီးနန်းစည်းစိမ်ကို လုယူလိမ့်မည်ဟု ယုံကြည်လာသည်။ ထို့ကြောင့်လည်း တပ်တော်သားများကို စေလွှတ်၍ မော်အောင်ကို ဖမ်းစေသည်။ မြို့ဝန်မင်းကလည်း ဘုရင့်အမိန့်ဖြစ်၍.......
နံနက်အလင်းရောက်၊ ခွေးစာများကိုကျိုပြီးသောအခါ မောင်အောင်သည် ခွေးစာများကို ခင်းထားသော ဖျာများပေါ်တွင် ခွေးစာများကို အစုလိုက်၊ အစုံလိုက်ပုံထားပြီး ဆေးကြိမ်လုံးကိုကိုင်ကာ “အို ကျေးရွာအတွင်းရှိ ခွေးအပေါင်းတို့ သင်တို့အား အစာအဝကျွေး၍ ငါအလှူပေးမည်၊ ဤနေရာသို့ လာရောက်ရန် ငါဖိတ်ခေါ်သည်” .......
ထိုနောက် မောင်အောင်သည် အမှတ်တမဲ့ထပြီး မိမိအိပ်ရာရှိရာသို့ လာခဲ့သည်။ ခေါင်းအုံးကြီးကို ဆုတ်ဖြဲ၍ အတွင်းသို့ နှိုက်ယူဆွဲထုတ် လိုက်မိသည်။ လက်ထဲတွင်ပါလာသည်ကတော့ ကြေးပုရပိုက်တစ်ခု၊ “ဟာ ကြေးနီပုရပိုက်ပါလား” အံ့ဩဝမ်းသာခြင်းများ ဖြစ်ရသည်။ ဦးပဉ္စင်းများကို အသိပေး၍မဖြစ်။ လောဘသားများပင် ဖြစ်ကြသည်။.......
နောက်ဆုံး စင်္ကြာမင်းကို ဘိုးဘိုးအောင်က ကယ်သွားခန်းကိုလည်း ထည့်သွင်း၍ သတ်၍မသေ ပြန်ရှင်သည့် ဇာတ်ကို ကပြခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံအနှံ့ကျေးလက်တောရွာမကျန် ဘိုးဘိုးအောင်ကို သူတော်စင်........
ဣစ္ဆာသယလွယ်အိတ်မှ နှိုက်တိုင်းထွက်နေသည့် ငွေကြေးများဖြင့် သီဟတောဘုရားကြီးကို ပြုပြင်နေစဉ် နံနက်ခင်းတစ်ခုတွင် ဆရာတော်ကြီးက “ဟေ့… ဒကာတွေ ဟိုတောင်စပ်မှာ စိတ်မကျန်းမာသူတစ်ယောက် ရောက်နေတယ်၊ သွားခေါ်ပြီး ......
အေးကွ တာတေရ၊ စောစောက မင်းကို ပြောခဲ့တဲ့ ဝမ်းတွင်းကဝေတွေကို သာမန်ဆရာကြီးတွေ မနှိမ်နင်းနိုင်ဘူးကွ၊ အခုလို လမ်းကြောင်းပြောင်းထားတဲ့ ဝမ်းတွင်းကဝေကနေ ဖြစ်လာတဲ့ ဆရာမျိုးကမှ နိုင်တာကွ တာတေရ၊ ဒါကြောင့်.......
တစ်နေ့တွင် လောင်းစင်ရွာမှ ရွာသားတစ်ဦးတို့ ထိုနေရာရောက်လာသည်။ ထုံးစံအတိုင်း ဆင်ကြီးကလိုက်သည်။ ထိုရွာသားသည် ပြေး၍မလွတ်တော့သဖြင့် သေချင်သေပစေဟုဆိုပြီး မြေတွင်မှောက်၍ အိပ်ချလိုက်သည်။ ဆင်ကြီးက တက်နင်းမည်ထင်၍.....