တရားခံမဟုတ်သောတရားခံများ အပိုင်း(၁)
ကျွန်ုပ်သည် အကျဉ်းထောင် ဝန်ထမ်းအဖြစ် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ရာ အကျဉ်းသားများစွာ၏ ဘဝမျိုးစုံကို အနီးကပ်လေ့လာခွင့်ရခဲ့၏။ ကျွန်ုပ် တာဝန်းထမ်းဆောင်စက အယူအဆတစ်ခုမှာ အကျဉ်းသားဟူသည် လောဘ၊ ဒေါသ၊ မောဟ တစ်ခုခုကြောင့် ပြစ်မှုကျူးလွန်ခဲ့သူချည်းဖြစ်သည်ဟူသော အယူအဆဖြစ်ပေသည်။ ကျွန်ုပ် လုပ်သက်အတန်ငယ်ရလာသော အခါ၌ မူ ပြစ်မှုကို အမှန်တကယ် မကျူးလွန်ခဲ့ပါပဲလျက် တရားခံအဖြစ် အချုပ်ခံနေရသူအချို့ကို မမျှော်လင့်ဘဲ တွေ့ခဲ့ရ၏။ ဤသို့ ဆိုလိုက်သဖြင့် တရားဥပဒေသည် အပြစ်မဲ့သူများကို တရားခံအဖြစ် မတရားချုပ်နှောင်ထားသည်ဟု ကျွန်ုပ်ဆိုလိုခြင်း မဟုတ်ပါချေ။
တရားဥပဒေသည် ကျွန်ုပ်တို့နိုင်ငံသားများ ယုံကြည်ကိုးစားရသည့် အမှန်တရားကို ဖော်ထုတ်ပေးသည့် တရားမျှတခြင်း၏ မဏ္ဍိုင်ကြီးဖြစ်ပါ၏။သို့တစေ ကျွန်ုပ်တို့ နိုင်ငံနှင့်တကွ နိုင်ငံတကာတို့တွင် လက်တွေ့ကျင့်သုံးလျက်ရှိသည့် ဥပဒေများသည်…
တရားလို၊ တရားခံတို့၏ နှစ်ဖက်ထွက်ဆိုချက်များနှင့် ရုံးတော်၌တင်ပြသော သက်သေခံအထောက်အထားများအပေါ်၌သာ အခြေခံ၍ စီရင်ဆုံးဖြတ်လျက်ရှိနေကြပေသည်။
ကျွန်ုပ်ကြုံတွေ့ရသော အချုပ်သားအချို့မှာ အမှန်ပင် ပြစ်မှုကို မကျူးလွန်ခဲ့ကြသူများအဖြစ် လေ့လာတွေ့ရှိရသည်။ သူတို့သည် ကံမကောင်းအကြောင်းမလှ၍ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို မထင်မှတ်ဘဲ တရားခံဖြစ်ကာ အချုပ်ခံနေကြရသူများဖြစ်သည်။
၎င်းတို့အား တရားရုံးတော်၏ စစ်ဆေးသောအခါတွင်လည်းတရားလိုဘက်မှ ထွက်ဆိုချက်များ သက်သေခံအထောက်အထား များသည်လည်း ၎င်းတို့အား ပြစ်မှု ကျူးလွန်သူအဖြစ်ညွှန်ပြနေကြပြန်ပါသည်။ ယင်း အခြေအနေမျိုးတွင် တရားဥပဒေသည် တရားခံ၏ ကံမကောင်းအကြောင်း မလှသည့် ဘက်မှ ရပ်တည်၍ အကူအညီပေးနိုင်ပါမည်လော ၊ ထင်ရှားသော သက်သေခံအထောက်အထားများအပေါ်၌ အခြေပြု၍ ပြစ်ဒဏ်စီရင်မည်လော။
ကျွန်ုပ်သည် ဝါသနာပါသည့်အလျောက် တာဝန်ထမ်းဆောင်ရင်း ဥပဒေပညာကို တစ်ဖက်မှ လေ့လာသင်ယူခဲ့ရာ ဥပဒေဘွဲ့ရသည်အထိဖြစ်ပါသည်။ ဤနေရာ၌ အမှုစီရင်ထုံးတစ်ရပ်ကို တင်ပြလိုနေသည်။ ၎င်းမှာ ၁၉၆၅၊ မောင်မြဟန်ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ အထူးရာဇဝတ်ရုံး၊ အယူခံအမှတ်(၂)ဖြစ်ပါသည်။ အမှုမှာ လူသတ်မှုဖြစ်၏။ အယူခံတရားလို၏ ပညာရှိရှေ့နေကြီး လျှောက်လဲချက်ပေးရာတွင်….
“ဒဏ်ရာသည် သေနိုင်သော ဒဏ်ရာဖြစ်သည် မှန်သော်လည်း ကံကောင်းထောက်မလျှင် အချိန်မီဆေးဝါးကုသပါက အသက်ချမ်းသာ ရာရနိုင်ပါသည်” ဟု လျှောက်လဲခဲ့၏။
အယူခံအဖွဲ့က ယင်းအချက်ကို သုံးသပ်တင်ပြရာ၌ “တရားရုံးအနေနှင့် တရားစီရင်ရသည်မှာ ဖြစ်ပျက်တတ်သော သဘောများအပေါ်တွင် မူတည်၍ ဆုံးဖြတ်ရသည်။ ထူးကဲသော ကံကောင်းထောက်မလျှင်မည်ကဲ့သို့ ဖြစ်နိုင်သည် စသည်ဖြင့် တွေးတော မှန်းဆ၍ဆုံးဖြတ်နိုင်သည် မဟုတ်ချေ” ဟု ထည့်သွင်းသုံးသပ်ပြခဲ့၏။
ယင်းအချက်ကို ကြည့်လျှင် ကံကောင်း၊ ကံမကောင်းခြင်း စသည့်အချက်များကို တရားဥပဒေအရ တွေးတောမှန်းဆ၍ ဆုံးဖြတ်နိုင်သည် မဟုတ်ဘဲ၊ ခိုင်မာ ထင်ရှားသောအထောက်အထားများ အပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်လေ့ရှိသည်ဟု ကျွန်ုပ်တို့ ယူဆရန်ရှိနေပေသည်။
ကျွန်ုပ်သည် အမှန်တရားကို လေးစားမြတ်နိုးသော ဥပဒေသမားတစ်ဦးဖြစ်သည့်အားလျှော်စွာ အပြစ်မဲ့အချုပ်သားများအား တတ်စွမ်းသမျှဥပဒေအကြံဉာဏ်ပေးခဲ့၏။
ယင်းသို့ ကူညီရာ၌ ကျွန်ုပ်က အထူးစောင့်ထိန်းအပ်သော သံမဏိသစ္စာတစ်ရပ်ရှိသည်။
၎င်းမှာ အချုပ်သားတစ်ဦးအား ပြစ်မှုကို အမှန်တကယ် ကျူးလွန်ခဲ့သူဖြစ်သည်ဟု ကျွန်ုပ်က တစ်ထစ်ချယုံကြည်စိတ်ချမှသာ အကူအညီပေးတတ်ခြင်းဖြစ်ပေသည်။
ကျွန်ုပ်အနေနှင့် ဝမ်းမြောက်ဂုဏ်ယူဖွယ်ကောင်းသည်မှာ ကျွန်ုပ်အကူအညီ အကြံဉာဏ်ပေးခဲ့သော လူတိုင်းလိုလိုအမှုမှ အပြီးအပြတ်လွတ်မြောက်သွားခဲ့ကြခြင်းပင်ဖြစ်၏။ ယင်းသို့ အောင်မြင်မှုများလာသောအခါ ကျွန်ုပ်၏ အသိုင်းအဝိုင်းက ကျွန်ုပ်အား”ရှေ့နေထောင်မှူး” ဟုပင် ခေါ်စမှတ်ပြုလာခဲ့ကြ၏။
အပြစ်မဲ့ အချုပ်သားတစ်ဦးစီ၏ အမှုဖြစ် အကြောင်းခြင်းရာများ၊ တရားဥပဒေနှင့်အညီ လူ့အကုသိုလ်ကံတရားတို့၏ အားပြိုင်မှုများ ကျွန်ုပ်၏တွေးဆ ဆင်ခြင်အကြံဥာဏ်ပေးချက်များနှင့် အကျဉ်းထောင်ဝန်ထမ်းနှင့် အကျဉ်းသားတို့၏ ဘဝအမောများကို တင်ပြလိုသော ပြင်းပြသည့်အာသီသကြောင့်ကျွန်ုပ် ဤဇာတ်လမ်းစဉ်များကို ရေးသားဖြစ်ခဲ့ပါသည်။
ကျွန်ုပ်အနေနှင့် တင်ပြရန်ပထမဆုံးရွေးချယ်ထားသော အမှုမှာ လူသတ်တရားခံအဖြစ် အစွပ်စွဲခံရသော အချုပ်တရားခံ”မခင်ဖြူဖြူဝင်း”၏ အမှုပင်ဖြစ်ပေသည်။
ကျွန်ုပ်သည် တစ်နေ့ နေ့လယ်ပိုင်း၌ နောက်တစ်နေ့တွင် လွှတ်ရမည် အကျဉ်းသားများ၏ ဝရမ်းများကို အကျဉ်းသားများ၏ ဝရမ်းများကို အကျဉ်းထောင်ဘူဝရှိ ကျွန်ုပ်၏ ရုံးခန်း အတွင်းစစ်ဆေးလျက်ရှိစဉ် အမျိုးသမီး အချုပ်ထောင်တာဝန်ခံ အမျိုးသမီး ထောင်မှူး ဒေါ်အေးအေးကြိုင်သည် ကျွန်ုပ်တို့ထံသို့ ရောက်လာ၏။ ခင်ဖြူဖြူဝင်းဆိုသော အချုပ်သူတစ်ဦးသည် သူမ၏ အမှုနှင့် ပတ်သက်၍ ကျွန်ုပ်ထံမှ အကြံဉာဏ်တောင်းလို၍ ကျွန်ုပ်နှင့် တွေ့ခွင့်တောင်းနေကြောင်း လာရောက် သတင်းပို့ပါသည်။ ဒေါ်အေးအေးကြိုင်က ခင်ဖြူဖြူဝင်းဆိုသူသည် တစ်ဦးအား သတ်မှုဖြင့် အချုပ်ခံနေရသူဖြစ်ပြီး သူမအနေနှင့် အမှန်တကယ် သတ်ခဲ့သူမဟုတ်ကြောင်းပြောဆိုနေကြောင်းသိရှိရသည်။
ကျွန်ုပ်သည် ဒေါ်အေးအေးကြိုင်၏ တင်ပြချက်များကို စိတ်ဝင်စားမိသဖြင့် ခင်ဖြူဖြူဝင်းအား ကျွန်ုပ်ထံ ခေါ်ခဲ့ရန် ခွင့်ပေးလိုက်မိသည်။
ထောင်မှူးဒေါ်အေးအေးကြိုင်သွားပြီးနောက် ကျွန်ုပ်သည် လုပ်လက်စ အလုပ်များကို လက်စသတ်လိုက်ကာ အချုပ်တရားခံများ မှတ်ပုံတင်စာအုပ်ထောင်ပုံစံ ၂၆ တွင် ရှာဖွေကြည့်ရှုနေမိသည်။ မှတ်တမ်းအရ ခင်ဖြူဖြူဝင်သည် အသက် ၂၄ နှစ်မျှသာရှိသေးပြီး သူမအားပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၁(၂)/၄၀၄ ဖြင့် စွဲဆိုထားကြောင်း တွေ့ရသည်။ ပုဒ်မ ၃၀၂(၂) မှာ တင်ကူးကြံရွယ်ချက်မရှိသော အခြားအချက်မျိုး၌ လူသတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်မည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပေသည်။
ပုဒ်မ ၄၀၄ မှာ သေစဉ်က ကျန်ခဲ့သော သေသူ၏ ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုမှုဖြစ်၍ ပြစ်ဒဿ် (၃) နှစ်ထိထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။
ခင်ဖြူဖြူဝင်းအား စွဲဆိုထားသည့် ပြစ်မှုနှင့် ပြစ်ဒဏ်များမှာ ကြီးလေးလှပါ၏။ခင်ဖြူဖြူဝင်းသည် အမှန်တကယ် မကျူးလွန်သူဖြစ်စေဦးတော့ ဤမျှကြီးလေးသော ပုဒ်မများကို ချေဖျက်ရန်မှာ လွယ်ကူသော အလုပ်ဟု ကျွန်ုပ်မထင်ပါချေ။
ထောင်မှူး ဒေါ်အေးအေးကြိုင်၏ နောက်မှကပ်၍ လက်နှစ်ဘက်ယှက်ပြီး ခေါင်းငုံ့ကာ ခပ်ရို့ရို့အမူအရာဖြင့် ဝင်လာသော ခင်ဖြူဖြူဝင်းဆိုသူအား ကျွန်ုပ်အကဲခတ်ကြည့်နေမိသည်။ သူမ၏ မျက်နှာမှာ သွယ်လျပြီး ကြက်ဥသဏ္ဌာန် မျက်နှာမျိုးဖြစ်သည်။ ဤမျက်နှာမျိုးသည် အေးအေးနေတတ်သလောက် သူတစ်ပါးအားလည်း ယုံကြည်တတ်သည်။ အညှာလွယ်၍ ရိုးအတတ်သူများလည်းဖြစ်သည်။ သူတို့နှစ်ဦးအား ကျွန်ုပ်စားပွဲရှေ့မှ ကုလားထိုင်များတွင် ထိုင်စေပြီးနောက် ကျွန်ုပ်သည် ခင်ဖြူဖြူဝင်းအား စေ့စေ့ကြည့်ကာ မေးလိုက်သည်။
“နာမည်က ခင်ဖြူဖြူဝင်းနော်”
“ဟုတ်ကဲ့ပါ ဆရာ”
သူမ၏ အသံသည် နူးညံ့၍ တိုးညှင်းလှပါ၏။ မဝံ့မရဲ ဟန်လည်းရောစွက်နေသည်။
“မင်း ဆရာနဲ့ တွေ့ချင်တယ် ဆိုတာ ဘာကိစ္စလဲကွယ့်၊ ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်”
ကျွန်ုပ်၏မျက်နှာနှင့် အသံကို အချိုသာဆုံးထားကာ သူမကို အားပေးလိုက်သည်။
“ဟုတ်ကဲ့ ဆရာ ကျွန်မလေ ကျွန်မ…”
သူမသည် မည်သို့ စပြောရမည်ကို မသိဟန်ဖြင့် ဒေါ်အေးအေးကြိုင်ကို လှမ်းကြည့်နေသည်။
ဒေါ်အေးအေးကြိုင်က ဆက်ပြောလေဟု တိုက်တွန်းဟန်ပြလိုက်သည်။ ဒေါ်အေးအေးကြိုင်ကို ကြည့်နေသော သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်အေးချမ်းလှပေ၏။ ကြောက်လန့်ရှက်ရွံ့သော အသွင်လည်းဆောင်လျက်ရှိသည်။
“ကျွန်မလေ ဟို…ဆရာ့အကြောင်းကို ကြားပါတယ်။ ဆရာ ဟာတဲ့ အပြစ်မရှိတဲ့ လူဆိုရင် အချုပ်ကလွတ်အောင်ကူညီတတ်တယ်တဲ့၊ အဲ….အဲဒါ ကျွန်မဆရာ့ဆီကအကူအညီတောင်းချင်လို့ပါ၊ ကျွန်မကို ကယ်ပါဆရာ”
သူမအသံသည် ပြောလက်စနှင့် တိမ်ဝင်သွားသည်။ “ကျွန်မကို ကယ်ပါဆရာ” ဆိုသော စကားလုံးများတွင် ဝမ်းနည်းသံ တစ်ဝက် ငိုသံတစ်ဝက်ရောယှက်နေကြ၏။ ကျွန်ုပ်၏ အတွေးအာရုံ၌ ဤမျှကြောက်ရွံ့တတ်သော မိန်းကလေးသည် လူတစ်ယောက်အား ရက်ရက်စက်စက်သတ်ဝံ့ပါ့မလားဟု မေးမိနေမိသည်။သို့မဟုတ် သတ်တုန်းက သတ်ခဲ့ပြီး အခုမှ သွေးလန့်နေသလား။
“ကဲပါလေ စိတ်အေးအေးထားပြီးပြောပါ၊ ဆရာဆီ ရောက်မှတော့ဘာမှ စိုးရိမ်ကြောင့်ကြမနေနဲ့တော့ ဟုတ်လား မိန်းကလေး၊ ဒါနဲ့မင်းဆိုလိုတာက ဒီအမှုမှာ အပြစ်မရှိဘူးလို့ပြောချင်တာလား။
“ဟုတ်ပါတယ် ဆရာ၊ ကျွန်မဒေါ်ဒေါ်ယဉ်နုကို တကယ်မသတ်ရပါဘူး၊ ပြီးတော့ ကျွန်မ ပစ္စည်းကိုလဲ လုယူခဲ့တာမဟုတ်ပါဘူး”
သူမ၏စကားသည် ကျွန်ုပ်အားအနည်းငယ်ရှုပ်ထွေးသွားစေပါသည်။ အနည်းငယ် ရှုပ်ထွေးသွားစေပါသည်။
“ဘယ်လိုကွယ့်၊ ကျွန်မပစ္စည်းဆိုတာ ဘာကိုပြောတာလဲ ခင်ဖြူဖြူဝင်း”
“ဟုတ်ကဲ့ ကျွန်မစကားပြောလောသွားလို့ပါ၊ ဒီလိုပါဆရာ ကျွန်မဟာ အစိုးရဝန်ထမ်းတစ်ဦးပါ၊ နေတာက မြောက်ဥက္ကလာပမှာပါ။ ကျွန်မမှာ ပညာသင်နေတဲ့ မောင်လေးတစ်ယောက်နဲ့ ညီမလေးနှစ်ယောက်ရယ်၊ အမေရယ်ရှိပါတယ်၊ အဖေကတော့ မနှစ်ကဆုံးသွားပါပြီ။ အမေဟာ အဖေဆုံးသွားပြီးတဲ့နောက် ကျန်းမာရေးကျဆင်းလာပါတယ်။ အခြေအနေက တစ်နေ့တစ်ခြားဆိုးလာလို့ ဆရာဝန်ပြကြည့်တော့ အမေမှာ သွေးတိုးနဲ့ နှလုံးရောဂါရှိနေတာ သိရပါတယ်။ ဆေးဖိုးဝါးခစရိတ်ကလည်း တစ်နေ့တခြားကြီးလာပါတယ်၊ အဖေ ဆုံးပြီးနောက်ပိုင်း စီးပွားရေးကလည်း အဆင်မပြေတော့ပါဘူး။ ဒါနဲ့ ကျွန်မရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ ဆက်သွယ်ပေးတာနဲ့ (၃၅) လမ်းက ပစ္စည်းအပေါင်ခံတဲ့ ဒေါ်ယဉ်နုဆီ ရောက်ခဲ့ရပါတယ်။
“ဒီအမှုမဖြစ်ခင် လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်မရဲ့ တစ်ကျပ်ခွဲသားလောက်ရှိတဲ့ ရွှေလက်ကောက်တစ်ကွင်းကို ဒေါ်ယဉ်နုဆီမှာ ငွေ ၁၅၀၀ ကျပ်နဲ့ထားခဲ့ရပါတယ်။ လစာထုတ်တဲ့ရက်တိုင်း ငွေတိုးသွားပေးရင်းနဲ့ ဒေါ်ယဉ်နုတူမ မသန်းနဲ့ တူမောင်စန်းအောင်တို့နဲ့လည်း တဖြည်းဖြည်း ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ သူတို့က တူဝရီးသုံးယောက်ပဲနေကြတာ။ ဒေါ်ယဉ်နုယောကျ်ားဆုံးခဲ့တာ လေးငါးနှစ်လောက်ရှိပြီး အားလုံးစိတ်သဘောထား ကောင်းကြပါတယ်။ မသန်းက ဆယ်တန်းကျပြီးကတည်းက ကျောင်းမနေတော့ဘူး၊ မောင်စန်းအောင်ကတော့ တက္ကသိုလ်ရောက်နေပြီ။
“ဒီလိုနဲ့ တစ်နေ့တော့ အမေ့ဆေးဖိုးအတွက် ငွေကလိုနေပြန်ရောဆရာ၊ ကျွန်မ ဘယ်လိုလုပ်ရမလဲ စဉ်းစားပြီးပေါင်ထားတဲ့ လက်ကောက်ပေါ်မှာပဲ နောက်ထပ်ငွေတစ်ထောင်လောက် ထပ်ယူဖို့ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ တစ်နေ့ညနေ ရုံးဆင်းချိန်မှာ ဒေါ်ယဉ်နုအိမ်ကို ဝင်တယ်၊ ဒေါ်ယဉ်နုအပြင်သွားနေတာနဲ့ မသန်းနဲ့ စကားပြောရင်းစောင့်နေတာ ညနေငါးနာရီ၊ ခွဲသွားတယ်။ မသန်းက မနက်ဖြန်မနက် (၈)နာရီလောက် လာနိုင်ရင် အဆင်ပြေမယ်တဲ့, သူ့အဒေါ်ကို ကြိုပြောထားလိုက်မယ်တဲ့၊ ကျွန်မက ဒီလိုဆို ကျွန်မလာခဲ့မယ်လို့ ပြောလိုက်တယ်။ ပြန်ခါနီးတော့ မနက်ရှစ်နာရီထက် နောက်မကျပါစေနဲ့တဲ့၊ သူ့အဒေါ်အပြင်ထွက်သွားရင် လွဲမှာ စိုးလို့တဲ့၊ မသန်းက ထပ်မှာတယ်၊ ကျွန်မလည်း ကောင်းပါပြီ ပြောပြီ ပြန်ခဲ့ပါတယ်”
ခင်ဖြူဖြူဝင်းသည် အနည်းငယ် အာခြောက်သွားဟန်ဖြင့် ခေတ္တနားလိုက်သည်။ ရှေ့ဆက်ရမည့် အကြောင်းအရာအတွက် စကားလုံးရွေးချယ်နေပုံရသည်။
“ဆက်ပြောပါ ခင်ဖြူဖြူဝင်းဆရာ နားထောင်နေပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်မအဲဒီနေ့က အဖြစ်အပျက်တွေ ပြန်ပြောရမှာ ရင်တုန်လွန်းလို့ပါ၊ ကျွန်မမျက်စိထဲမှာ မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို မေ့ပျောက်လို့ မရနိုင်ဘူးဆရာ၊ ကျွန်မ အဲဒီနေ့က ခါတိုင်းရုံးတက်ချိန်ထက်စောပြီး အိမ်က ထွက်ရတယ်။ မနက်ခုနစ်နာရီလောက်က စထွက်လာတာ (၃၅) လမ်းဒေါ်ယဉ်နု တိုက်လှေကားရင်းရောက်တော့ ရှစ်နာရီတိတိပဲဆရာ၊ သူတို့က သုံးထပ်မှာ နေတာ၊ ကျွန်မ အပေါ်ရောက်လို့ အခန်းတံခါးခေါက်လိုက်တော့ တံခါးက အလိုလိုပွင့်သွားတယ်၊ အတွင်းက ချက်မထိုးဘဲ စေ့ရုံသာ စေ့ထားတာကို၊ ကျွန်မဧည့်ခန်းထဲ ဝင်ထိုင်လိုက်တော့ မတွေ့ဘူး၊ ကျွန်မစိတ်ထင် ငါးမိနစ်၊ ခြောက်မိနစ်ကြာတဲ့အထိ ဘယ်သူမှထွက်မလာဘူး၊ အဲဒီအချိန်မှာ အိပ်ခန်းထဲက
“ညည်းသံလို ဘယ်လိုခေါ်မလဲ၊ ဘယ်လိုခေါ်မလဲ ဗလုံးဗထွေး အသံလိုလို ကြားရတယ်။ အိပ်ခန်းနဲ့ ဧည့်ခန်းကပ်နေတာဆရာ၊ ကျွန်မလည်း ဘာများလဲဆိုပြိး မသင်္ကာတာနဲ့ ထပြီးအိပ်ခန်းထဲကို သွားကြည့်လိုက်မိတယ်။ မြင်ကွင်းက ချောက်ချားသွေးလန့်စရာပဲ ဆရာရယ်၊ ကျွန်မလေ ရင်တုန်ပြီးကြောက်လိုက်တာ ချက်ချင်းပြန်လှည့်ပြေးတော့ မတတ်ဘဲ၊ အိပ်ခန်းထဲက ခုတင်ပေါ်မှာ ဆရာ ဒေါ်ယဉ်ယဉ်နုပေါ့၊ ရင်ဘတ်မှာ ဓားတန်းလန်းကြီးနဲ့ သွေးတွေရဲလို့၊ သူ့မျက်လုံးတွေကလည်း ပြူးပြီး ကျွန်မကို ကြည့်နေသလိုပဲ၊ ကျွန်မပြန်လှည့်တော့မယ်လုပ်တော့ သူ့ပါးစပ်က ဗလုံးဗထွေး အသံတွေထွက်လာပြန်တယ်။ လက်တစ်ဖက် ကလည်း ဓားကို ထိုးပြနေသလိုလို ကျွန်မကို ခေါ်နေသလိုလိုပါပဲ၊ သူမသေသေးဘူး။ ကျွန်မလဲ သူ့အနားကို ရောက်သွားပြီး ရပ်ကြည့်နေမိတယ်၊ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း၊ သူ့လက်နဲ့ ဓားကို ထိုးပြနေပြန်တယ်။ ကျွန်မလဲ ငါ့ကို ဓားနှုတ်ခိုင်းတာပဲ အောက်မေ့ပြီးဓားရိုးကို ကိုင်လိုက်ပါတယ်ဆရာ”
ခင်ဖြူဖြူဝင်း၏ နားထင်နှင့် မျက်နှာပေါ်တွင် ချွေးများစို့လျက်တွေ့ရသည်။ သူ့မျက်လုံးများသည် ကျွန်ုပ်အား ကြည့်၍ ပြောနေသည်နှင့် မတူ။ ထိုနေ့က မြင်ကွင်းကို ပြန်လည် မြင်ယောင်ပြီးထိတ်လန့်နေဟန်ပေါ်လွင်နေသည်.
“ဒါနဲ့ ဘယ်လို ဆက်ဖြစ်သလဲ၊ ပြောပါ ခင်ဖြူဖြူဝင်း”
ကျွန်ုပ်က အားပေးရင်းတိုက်တွန်းလိုက်သည်။
“အဲဒီအချိန်မှာ နောက်ကခြေသံတွေကြားလို့ လှည့်ကြည့်လိုက်တော့ မသန်းနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ မသန်းက “ဟင် ခင်ဖြူဖြူဝင်း ညည်း ဘယ်လိုလုပ် လိုက်တာလဲ၊ အို ရင်ဘတ်မှာလည်း ဓားကြီးနဲ့၊ သွေး..သွေးတွေနဲ့၊ နင်…ဒေါ်ဒေါ့်ကို သတ်လိုက်တယ်ပေါ့ ဟုတ်လား” လို့အော်ကြီးဟစ်ကျယ်ပြောပါတယ်။ ကျွန်မလဲ လန့်ဖျပ်ထူပူသွားပြီး မျက်လုံးတွေပြာပြီး ဘာမှ မမြင်သလို ဖြစ်သွားတယ်။ ပြီးမှ သတိရပြီး “မဟုတ်ဘူး မဟုတ်ဘူး၊ ဒါ ဒါ ကျွန်မ သတ်တာမဟုတ်ဘူး” လို့ အထစ်ထစ်အငေါ့ငေါ့ ပြောမိတယ်၊ မသန်းနဲ့ ပါလာတဲ့လူက ချက်ချင်း ဒေါ်ယဉ်နုဘေးမှာ ထိုင်ပြီး ရင်ဘတ်နဲ့ လက်ကောက်ဝတ်ကို စမ်းကြည့်တယ်၊ ခဏကြာတော့ ခေါင်းမော့လာပြီး “ အသက်မရှိတော့ဘူး” လို့ပြောပါတယ်။
အဲဒီအချိန်မှာပဲ လူကြီးတစ်ယောက်ထပ်ရောက်လာပြီး” ဘာတွေဖြစ်နေတာလဲလို့မေးတယ်၊ မသန်းက သူ့အဒေါ်မူးလဲလို့ ခုတင်ပေါ်တင်ထားခဲ့ပြီး ဆရာဝန်ပြေးခေါ်ပြီး ပြန်လာတော့ ဒေါ်ယဉ်နုကို ကျွန်မက ဓားနဲ့ထိုးတာတွေ့ရတယ်လို့ ရှင်းပြနေတယ်။ အဲဒီလူကြီးက “ဒါဆို မဖြစ်ဘူး ရဲအကြောင်းကြားရမယ်” ဆိုပြီး ဧည့်ခန်းပြတင်းပေါက်မှာရှိတဲ့ တယ်လီဖုန်းကို လှည့်နေတယ်၊ ကျွန်မမှာတော့ ဘာလုပ်ရမှန်းမသိဘူး၊ ထပြေးရကောင်းမလား၊ ထိုင်ရကောင်းမလား မစဉ်းစားတတ်အောင် ထူပူနေမိတယ်။ ကျွန်မတစ်ကိုယ်လုံးလဲ ချွေးတွေရွဲနေပြီ။ ကိုယ့်ရင်ဘတ်ကို လက်နဲ့ တအားဖိပြီး မျက်စိမှိတ်ထားမိတယ်။ ခဏကြာတော့ ဟိုလူကြီးက…
“ရဲတွေလာလိမ့်မယ် ဒေါက်တာ ကျွန်တော် စောစောကပဲ ဒေါ်ယဉ်နုနဲ့ တယ်လီဖုန်းပြောကြသေးတယ်၊ သူက လာခဲ့ပါဆိုတာနဲ့ ထွက်လာတာ အဖြစ်အပျက်ကမြန်လိုက်တာဗျာ။ မယုံနိုင်စရာပဲလို့ ဆရာဝန်ကို ရှင်းပြနေတယ်၊ မသန်းကတော့ သူ့အဒေါ်ဘေးမှာ ထိုင်ငိုနေတယ်”
ခင်ဖြူဖြူဝင်းသည် ယခုပင် ဖြစ်ပျက်နေသကဲ့သို့ ခံစားနေရဟန်ရှိသည်။ ကျွန်ုပ်သည် သူမပြောနေသည်များနားထောင်နေရင်က ယုတ္တိမတန်သည့် အချက်များ သဘာဝ မကျသည့် အချက်များကို ကြိုးစားရှာဖွေနေမိသည်။
“ဆက်ပါဦး ခင်ဖြူဖြူဝင်း”
“ဒါနဲ့ မကြာခင် ရဲနဲ့ ရပ်ကွက်လူကြီးတွေရောက်လာပြီး၊ စစ်ဆေးမေးမြန်းကြတယ်။ ပြီးတော့ ဒေါ်ယဉ်နုအလောင်းကို ဓာတ်ပုံတွေ ရိုက်ကြတယ်။ အိမ်တွင်း၊ ပြင် အနှံ့လဲရှာဖွေကြည့်ရှုကြတယ်။ ရဲတစ်ယောက်က စားပွဲပေါ်မှာ တင်ထားတဲ့ ကျွန်မ စလင်းဘတ်ကို ဘယ်သူ့ဟာလဲလို့ မေးတယ်။ ကျွန်မဟာပါဆိုတော့ ပစ္စည်းတွေ အကုန်ထုတ်ပြီး ရှာကြတယ်။ အဲဒီမှာ ဆရာရယ်ကျွန်မလုံးဝမမျှော်လင့်တဲ့ အထုပ်ကလေးတစ်ထုပ် စလင်းဘတ်ထဲက ထွက်လာတယ်၊ လက်ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့အထုတ်ကို ဖြန့်လိုက်တဲ့ အခါမှာတော့ ကျွန်မမျက်စိ ကျွန်မ မယုံနိုင်လောက်အောင် အံ့ဩသွားမိတယ် ဆရာ၊ ထူးဆန်းလိုက်တာဆရာရယ်၊ ကျွန်မ ခုထိစဉ်းစားလို့အဖြေမပေါ်ဘူး၊ အထုပ်ထဲက ပစ္စည်းဟာ ကျွန်မ ဒေါ်ယဉ်နုဆီမှာ ပေါင်ထားတဲ့ ကျွန်မရဲ့ လက်ကောက်ဖစ်နေတယ်ဆရာ၊ ရဲတွေက အဲဒါ ကျွန်မပစ္စည်းလားလို့ မေးတယ်၊ ကျွန်မ အံ့ဩလွန်းလို့ ဘာမှ ပြန်မပြောတတ်အောင် ဖြစ်နေတယ်။ မသန်းက လက်ကောက်ကို ကြည့်ပြီး
“ဟင်….ဒါ၊ နင် ဒေါ်ဒေါ့်ဆီမှာ ပေါင်ထားတဲ့ လက်ကောက်ပဲ၊ လက်စသတ်တော့ နင်က ဒေါ်ဒေါ့်ကို သတ်ပြီးဒီလက်ကောက်ကို ပြန်ယူတာကို ခွေးမ” ဆိုပြီး ကျွန်မကို ဝင်လုံးလို့ ဘေးကလူကြီးတွေဝိုင်းဆွဲထားရတယ်၊ ကျွန်မလေ ကြောက်လဲ ကြောက်ရှက်လဲရှက်နဲ့ မျက်နှာကို လက်နဲ့အုပ်ပြီးငိုမိရုံက လွဲလို့ ဘာမှ မပြောတတ်တော့ပါဘူးဆရာ”
“အဲဒီနောက် ကျွန်မကို ရဲစခစန်းခေါ်သွားပြီး စစ်ဆေးကြတယ်။ ကျွန်မကတော့ အဖြစ်မှန်အတိုင်းပဲ ပြောပြတယ်။ ဒါပေမဲ့ သူတို့က မယုံကြဘူး၊ ဒေါ်ယဉ်နုကို ကျွန်မသတ်တာလို့ စွပ်စွဲကြတယ်၊ ဝန်ခံလိုက်မှ သက်သာ မယ်ဆိုပြီး ဝန်ခံခိုင်းတယ်၊ စဉ်းစားကြည့်ပါဆရာရယ်၊ ကျွန်မ ဘာတို့ဝန်ခံရမှလဲ၊ ဒေါ်ယဉ်နုကို ကျွန်မသတ်ခဲ့တာမှ မဟုတ်ဘဲ ဆရာရဲတွေက ပြောတယ်၊ ငြင်းမနေနဲ့တော့တဲ့၊ မျက်မြင် သက်သေလဲရှိတယ်၊ သက်သေခံပစ္စည်းတွေလဲ ရထားပြီ၊ ကျွန်မသတ်တာ ထင်ရှားနေပြီပဲ လို့ပြောကြတယ်။ ကျွန်မကတော့ ဝန်မခံဘူး။ မသတ်ဘူး။ ကျွန်မ မသိဘူးလို့ပဲ ပြောခဲ့တယ်။ ကျွန်မ အင်္ကျီနဲ့ တစ်ခြားအင်္ကျီတစ်ခုကို လဲဝတ်ခိုင်းတယ် ကျွန်မက ဘာလို့ အင်္ကျီလဲဝတ်ခိုင်းမှန်းပထမ မသိဘူး၊ နောက်မှ ကြည့်မိတော့ ကျွန်မ အင်္ကျီမှာ သွေးတွေစွန်းနေတာကို တွေ့ရတယ်။ ဆရာ ကျွန်မ ကုသိုလ်ကံက ဆိုးပါတယ်”
“အခု ကျွန်မ ဆရာ့ကို ပြောပြခဲ့တာတွေ အားလုံးဟာ အမှန်တွေချည်းပါပဲဆရာ၊ ယုံပါ၊ ကျွန်မ လိမ်လဲ မပြောဝံ့ပါဘူး၊ ဆရာ့ကို အားကိုးပါရစေ၊ ကျွန်မကို ဒီဘဝက လွှတ်အောင်ကယ်ပါဆရာရယ်”
ပြောရင်းမှ စီးကျလာသော မျက်ရည်များကို ခင်ဖြူဖြူဝင်းသည် လက်ကိုင်ပုဝါဖြင့် သုတ်နေရှာသည်။ ကျွန်ုပ်အား တောင်းပန်ခယလျက်ရှိသော သူမ၏ မျက်လုံးများသည် အပြစ်ကင်းမဲ့သူတစ်ဦး၏ မျက်လုံးများဖြစ်မည်ဟု ကျွန်ုပ်ယူဆမိသည်။ ကျွန်ုပ်အတွေ့အကြုံအရ ခင်ဖြူဖြူဝင်း၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ တို့သည် လည်းကောင်း၊ သူမ၏ ပုံပန်းသဏ္ဌာန်သည်လည်းကောင်း၊ လူတစ်ယောက်အား ရက်ရက်စက်စက်သတ်တတ်သည့် လူသတ်ကောင်တစ်ဦး၏ ဓလေ့စရိုက်မျိုးမှာ ရှာဖွေ မတွေ့ရှိရပါချေ။ သို့ဖြစ်ရာ ကျွန်ုပ်သည် သူမအားတတ်စွမ်းသမျှ အကူ အညီပေးမည်ဟု ယတိပြတ် ဆုံးဖြတ်လိုက်မိတော့သည်။
သို့ရာတွင် ကျွန်ုပ်အနေနှင့် သူမ၏ လွတ်မြောက်ရေးအတွက် တရားဥပဒေရှုထောင့်မှ ဥပဒေမျက်စိဖြင့် သုံးသပ်၍ အကြံဉာဏ်ပေးရန်မှာ လွယ်ကူလှသော ကိစ္စမဟုတ်ကြောင်းတွေ့ရှိရ၏။
အကယ်၍ ဒေါ်ယဉ်နုသည် အသတ်ခံရပြီး ပြီးချင်း အသက်ကုန်သွားခဲ့ပါက ခင်ဖြူဖြူဝင်းအတွက် ယခုလောက် ကံကြမ္မာဝင်ခဲ့လိမ့်မည်မဟုတ်ပေ။ ယခုမူ ကံတရားသည် ခင်ဖြူဖြူဝင်းဘက်က မရပ်တည်ခဲ့ချေ။
ဒေါ်ယဉ်နု သည် အသက်မထွက်မီ သတိတစ်ချက် ပြန်လည်ခဲ့သည်။ ထို့ကြောင့်လည်း ခင်ဖြူဖြူဝင်း သည်လူသတ်လက်နက်ကို လက်ဖြင့် ကိုင်တွယ်မိခဲ့၏။
တရားခွင်၌ လက်ဗွေပါရဂူသည် ဓားလက်ကိုင်ရိုးပေါ်မှာ သူမ၏လက်ဗွေရာများကို တွေ့ရှိဖော်ထုတ်ပေးလိမ့်မည်။ ထို့ပြင် သူမ ဓားကိုင်မိစဉ်ခိုက်ဝယ်မြင်လိုက်ရသော မသန်းနှင့်ဆရာဝန်တို့က သူမသည်ဒေါ်ယဉ်နုကို ဓားဖြင့် ထိုးနေကြောင်း မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေလိမ့်မည်။ ထိုမျှမကသေး၊ ဒေါ်ယဉ်နုထံတွင် ပေါင်နှံထားသော သူ၏လက်ကောက်ကို သူမ၏စလင်းဘတ်ထဲမှ ရှာဖွေတွေ့ရှိထားခြင်းသည်လည်း သူမအား လူသတ်ပစ္စည်းယူသော တရားခံအဖြစ်သို့ ပို့ဆောင်ပေးနေသည်။ တစ်ဖန် သူမ၏ အင်္ကျီတွင် စွန်းထင်းနေသော သွေးများသည် ဒေါ်ယဉ်နု၏ သွေးအမှန်ဖြစ်ကြောင်းဆေးဘက် သက်သေ ဆရာဝန်က ထွက်ဆိုမည်မှာလဲ သေချာပေမည်။
နောက်တစ်ချက်မှာ အချင်းဖြစ်ချိန်တွင် သူမ၏ မိခင်အတွက် ငွေလိုနေသည် ဟူသောအချက်ကို ပြစ်မှု ကျူးလွန်ရခြင်း အကြောင်းအရင်းအဖြစ် တရားရုံးတော်မှ ထင်မြင်ယူဆ နိုင်ပေမည်။
ယင်း အချက်အလက်များသည် တစ်ခုနှင့် တစ်ခု ကွင်းဆက်မပြတ်ဘဲ အဆက်အစပ်ရှိနေသည်ဖြစ်ရာ ခပ်ဖြူဖြူဝင်းအား ကြိုးစင်ပို့ရန်မှတစ်ပါး အခြားမရှိတော့ပါချေ။
သို့တစေ သူမသည် ဒေါ်ယဉ်နုအား အမှန်တကယ် မသတ်ခဲ့ရဘဲလျက် တရားခံဖြစ်ရတာပါဟု ကျွန်ုပ်အား တင်ပြအသနားခံနေ ပေသည်။ ကျွန်ုပ်ကိုယ်နှိုက်ကလည်း သူမ၏ အချင်းဖြစ် အကြောင်းအရာကို ယုတ္တိတန်သည်ဟု ယူဆသည်။ ကျွန်ုပ်အတွေ့အကြုံအရလည်း သူမအား လူသတ်ဝံ့သူမဖြစ်နိုင်ဟု ယုံကြည်နေပြန်သည်။
ဤနေရာ၌ ခင်ဖြူဖြူဝင်း၏ အကုသိုလ်ကံကြမ္မာနှင့် တရားဥပဒေအမြင်တို့သည် ဆန့်ကျင်အားပြိုင်နေကြပြီဟု ကျွန်ုပ်မြင်ရသည်။
ကျွန်ုပ်သည် အပြစ်မဲ့သူများအားလွတ်မြောက်စေရန် အောင်မြင်စွာကယ်တင်ခဲ့ပြီးဖြစ်ရာ သူမဘဝ အဖြစ်မှန်ကို လည်း အမှန်တရားဖော်ထုတ်ပြီး တရားဥပဒေက လက်ခံနိုင်အောင် ကြိုးပမ်းရမည်သာဖြစ်၏။
ယင်းအခြေအနေတွင် ကျွန်ုပ်အနေနဲ့ အလေးအနက်ထား၍ အဖြေရှာရမည့် အချက်နှစ်ချက်ရှိ၏။ ပထမ အချက်မှာ ဒေါ်ယဉ်နုအားခင်ဖြူဖြူဝင်း မသတ်ခဲ့လျှင် မည်သူ သတ်ခဲ့လေသနည်း။ ဒုတိယအချက်မှာ ထိုသူသည် မည်သည့်အကြောင်းကြောင့် ဒေါ်ယဉ်နုအား သတ်ခဲ့လေသတည်း။ ယင်းအချက်များကို ဖော်ထုတ်ရန်အတွက် ခင်ဖြူဖြူဝင်း၏ လက်ကောက်သည် သူမ၏ စလင်းဘတ်ထဲသို့ သူမမသိဘဲ မည်သို့ ရောက်ရှိခဲ့ရလေသနည်း ဆိုသည့် ပုစ္ဆာကို ဦးစွာ အဖြေရှာရပေမည်။
“ခင်ဖြူဖြူဝင်း”
“ဟုတ်ကဲ့၊ အမိန့်ရှိပါဆရာ”
“အမှုမဖြစ်ခင် တစ်နေ့ညနေက မသန်းနဲ့ စကားပြောခဲ့သေးတယ်နော်”
“ဟုတ်ကဲ့ဆရာ၊ ဒေါ်ယဉ်နုကို စောင့်ရင်း ပြောနေ”
“အဲဒီညနေက အိမ်မှာ မသန်းတစ်ယောက်ထဲလား၊ အခြားဘယ်သူရှိသေးလဲ”
“ဘယ်သူမှ မရှိပါဘူး၊ မသန်းတစ်ယောက်တည်းပါ”
“ဟို ဒေါ်ယဉ်နုတူ မောင်စန်းအောင်ကော”
“ဪ….မောင်စန်းအောင်ရဲ့ မွေးစားအမေ မမာလို့ တောကို ပြန်သွားတာ တစ်ပတ်လောက်ရှိပြီတဲ့ ဆရာ”
“အဲဒီနေ့က စလင်းဘတ်ပါသွားသေးလား”
“ဟုတ်ကဲ့၊ ပါသွားပါတယ်”
“ဒီစလင်းဘတ်ပဲ၊ တခြားတစ်လုံးလား”
“ဒီစလင်းဘတ်ပါပဲ”
“စကားပြောနေတုန်း စလင်းဘတ်ကို ဘယ်မှာ ထားလဲ”
“ဧည့်ခန်းက စားပွဲပေါ်မှာ တင်ထားမိတယ်”
“စကားပြောပြီး ထပြန်တော့ စလင်းဘတ် တစ်ခါတည်းပါသလား၊ ဆရာ ဆိုလိုတာက မေ့ကျန်ရစ်ပြီး တစ်ခေါက်ပြန်ယူခဲ့ရလားလို့”
“ဟင့်အင်း၊ မကျန်ရစ်ခဲ့ပါဘူး၊ ကျွန်မနဲ့ တစ်ခါတည်း ပါလာပါတယ်”
“စလင်းဘတ်ကို ရဲတွေ ရှာတဲ့အခါ လက်ကောက်ကို ဘယ်က တွေ့လဲ၊ အတွင်းအိတ်ထဲကလား၊ အပြင်အိတ်လား”
“အတွင်းအိတ်ထဲမှာ ဇစ်နဲ့ ပိတ်ဖွင့်ရတဲ့ အိတ်ကတ်ကလေးထဲကပါ”
“အဲဒီအိတ်ကို အိမ်ရောက်တော့ဖွင့်ကြည့်မိသေးလား”
“မကြည့်မိဘူးဆရာ၊ ကျွန်မ ပိုက်ဆံအိတ် အသေးလေးထုတ်ဖို့ အလယ်အိတ်ကိုပဲ ဖွင့်တာ ပိတ်တာပဲ ရှိပါတယ်”
“နောက်တစ်နေ့ မနက်…ဒေါ်ယဉ်နု အိမ်လာတော့ရော အဲဒီအိတ်ကတ်ကလေးကို သတိထားမိသေးလား”
“မထားမိခဲ့ဘူးဆရာ”
“ကောင်းပြီ ခင်ဖြူဖြူဝင်း၊ အခု ဆရာမေးတာကို သေသေချာချာစဉ်းစားပြီးဖြေစမ်းပါ၊ မသန်းနဲ့ စကားပြောပြီး မပြန်ခင်မှာ အိမ်ထဲဘက်တွေဘာတွေ ဝင်ခဲ့သေးလား”
ခင်ဖြူဖြူဝင်းသည် ကျွန်ုပ်မေးခွန်းအား ရုတ်တရက် အဖြေမပေးနိုင်သေးဘဲ သူမ၏ အောက်နှုတ်ခမ်းသားမျာကို အပေါ်သွားများဖြင့် အသာ ဖိကာ စဉ်းစားနေသည်။
အတန်ကြာမှ
“မရိုမသေ ဆရာ၊ ကျွန်မ မပြန်ခင် အိမ်သာခဏဝင်ခဲ့သေးတယ်လို့ ထင်ပါတယ်”
“ထင်တာပဲလား ခင်ဖြူဖြူဝင်း၊ မသေချာဘူးပေါ့၊ ဒီလိုလား”
“သေချာပါတယ် ဆရာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မ အိမ်သာ ဝင်ခဲ့တာ သေချာတယ်ဆရာ”
“ဟုတ်ပြီ၊ အိမ်သာဝင်တော့ စလင်းဘက်ပါသွားလား”
“ဟင့်အင်း…..မပါဘူးဆရာ၊ အိမ်သာက ပြန်မှပဲ စားပွဲပေါ်က ကောက်ယူပြီး တစ်ခါတည်းပြန်ခဲ့တာပါ”
ကျွန်ုပ်သည် မသိမသာ သက်ပြင်းတစ်ချက် ရှူထုတ်လိုက်မိသည်။ ခင်ဖြူဖြူဝင်းသည် ကျွန်ုပ်မေးသော မေးခွန်းများကို မျက်မှောင်ကုတ်သည်အထိ ကြိုးစား၍ စဉ်းစားဖြေနေရဟန်ရှိပေ၏။
“ဒါနဲ့ တရားရုံးမှာ အမှုစစ်ဆေးတာ ဘယ်အခြေအနေရောက်နေပြီလဲ”
“ကျွန်မ ရှေ့နေက တရားလိုပြ သက်သေတွေစုံပြီတဲ့၊ လာမယ့် ရုံးချိန်းကျရင် စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရတော့မယ်လို့ ပြောတယ်ဆရာ”
“ကောင်းပြီ ခင်ဖြူဖြူဝင်း၊ ဘာမှ အားမငယ်နဲ့၊ တရားကို နတ်စောင့်ပါတယ်။ ဆရာ့အနေနဲ့ အမှုမှန်ပေါ်ပေါက်အောင် အတတ်နိုင်ဆုံးဖော်ထုတ်ပေးမယ်လို့ ကတိပေးပါတယ်”
“ကြားရတာ ဘယ်လိုကျေးဇူးတင်မှန်းမသိတော့ဘူး ဆရာရယ်၊ ကျွန်မသိပ်ဝမ်းသာပြီး အားလဲ တက်လာသလိုပဲဆရာ”
“စိတ်အေးအေးသာ ထားပါ၊ မင်းရဲ့ အမှုတွဲကို ဆရာဖတ်ချင်တယ်၊ မင်းရဲ့ ရှေ့နေကို ပြောပါ၊ ဆရာနဲ့ လာတွေ့ပါလို့၊ ကဲ…သွားနိုင်ပြီ”
“ဟုတ်ကဲ့….ခွင့်ပြုပါ ဆရာ”
ခင်ဖြူဖြူဝင်း သည် ဒေါ်အေးအေးကြိုင်နှင့် အတူ အကျဉ်းထောင်တွင်းပြန်လည် ဝင်ရောက်သွားခဲ့လေသည်။ သူမသည် အမှုမှန်မပေါ်ပေါက်သေးသမျှ ဆက်လက်အချုပ်ခံနေရပေဦးမည်။
ခင်ဖြူဖြူဝင်းနှင့် ကျွန်ုပ်တွေ့ဆုံပြီး သုံးရက်ခန့်အကြာတွင် သူမ၏ရှေ့နေဦးမြသိန်းသည် အမှုတွဲပိုက်လျက် ကျွန်ုပ်၏ ရုံးခန်းသို့ ရောက်ရှိလာသည်။ ဦးမြသိန်းသည် ဗဟိုတရားရုံးရှေ့နေတစ်ဦးဖြစ်ပြီး ထူထဲသော ပါဝါ မျက်မှန်နောက်မှ သူ၏မျက်လုံးအစုံသည် စူးရှထက်မြက်လှပါ၏။
ဦးမြသိန်း ယူလာသော ခင်ဖြူဖြူဝင်း၏ အမှုတွဲတွင် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များကို ကျွန်ုပ်သည် တစ်ခုချင်း အသေးစိတ်ဖတ်နေမိ၏။ သက်သေများမှာ အမှုလိုက် ရဲ အရာရှိ၊ မသန်း၊ ဆရာဝန်ဦးသိန်းမင်း(မသန်းနှင့်အတူပါလာသူ)၊ ဦးဘဖြူ (ဒေါ်ယဉ်နု အသတ်ခံရပြီး ရောက်လာသူ)၊ ရပ်ကွက်ကောင်စီ လူကြီးဦးစိန်မောင်၊ လက်ဗွေပါရဂူဦးလှ၊ အလောင်းခွဲစိတ် ဆရာဝန်ဦးမျိုးမင်း တို့ဖြစ်ပါသည်။
တရားလိုသက်သေ(၁) ဖြစ်သူရဲအရာရှိ ဦးကျော်ဇံ၏ ထွက်ချက်မှာ လိုရင်းကိုပြည့်စုံစွာ ထွက်ဆိုထား၏။ ဦးဘဖြူ၏ သတင်းပေးချက်အရ အချင်းဖြစ်နေရာသို့ ရောက်လာပုံ၊ အလောင်းကို စစ်ဆေးပြီး သက်သေခံဓားကို ဓာတု ဗေဒဌာနသို့ ပို့လိုက်ပုံ၊ ခင်ဖြူဖြူဝင်း၏ စလင်းဘတ်ထဲမှ လက်ကောက်ရှာတွေ့ပုံ၊ခင်ဖြူဖြူဝင်း၏ အင်္ကျီတွင် သွေးများပေကျံနေ၍ ဓာတုဗေဒဌာနသို့ ပို့ထားပုံစသည့် အချင်းဖြစ်နေရာမှ တွေ့ရှိရပုံများကို တိကျစွာ တင်ပြထားသည်။
ထို့ပြင် အလောင်းကို ဆေးရုံမပို့မီ ရှာဖွေရာအတွင်းခံအင်္ကျီအိတ်ထဲမှ မီးခံသေတ္တာသော့တွဲတွေ့ပုံ၊ ထိုသော့တွဲဖြင့် သက်သေလူကြီးများရှေ့၌ မီးခံသေတ္တာကို ဖွင့်လှစ်စစ်ဆေးပုံ၊ မီးခံသေတ္တာတွင်း၌ ဒေါ်ယဉ်နုကိုယ်တိုင် ရေးမှတ်ထားသော ပစ္စည်းစာရင်းမှတ်စုစာအုပ်နှင့် အပေါင်ခံရွှေထည်ပစ္စည်းများတွေ့ရှိပုံ၊ မှတ်စု စာအုပ်တွင် ပစ္စည်းပေါင်သူအမည်၊ ပစ္စည်းအမျိုးအစား၊ ပေါင်သည့်နေ့၊ ချေးသည့်နေ့၊ အတိုးပေးသည့်နေ့ စသည်ဖြင့် စနစ်တကျ ရေးမှတ်ထားပြီး ပစ္စည်းများတွင်လည်း ပိုင်ရှင်၏ အမည်ကို စာရွက်ပိုင်းကလေးများဖြင့် တွဲချိတ်ထားပုံ၊ မှတ်စုစာအုပ်ပါ စာရင်းနှင့် ပစ္စည်းများကို တိုက်ဆိုင်စစ်ဆေးရာတွင် ရွှေဆွဲကြိုးနှစ်ကုံးနှင့် ရွှေလက်ကောက်တစ်ကွင်း စာရင်းပျောက်နေပုံ၊ ရွှေလက်ကောက်မှာ ခင်ဖြူဖြူဝင်း၏ စလင်းဘတ်ထဲမှ ရှာတွေ့ခဲ့ပြီး ရွှေကြိုးနှစ်ကုံးအစပျောက်နေပုံ ၊ မသန်းအား စစ်ဆေးရာတွင် သူ့အနေနှင့်ပေါင်ခံပစ္စည်းကိစ္စဘာမှမလုပ်ရဘဲ ဒေါ်ယဉ်နုကိုယ်တိုင် လုပ်နေခဲ့၍ သူမ ဘာမှမသိပုံ၊ ဦးဘဖြူက ယင်းကိစ္စကို ရုံးတော်သို့ တင်ပြသင့်ကြောင်းအကြံပေး၍ သက်သေများရှေ့၌ ပစ္စည်းများကို မီးခံသေတ္တာတွင်းပြန်ထည့်၍ မှတ်စုစာအုပ်နှင့် သော့တွဲကို သက်သေခံအဖြစ်ရုံးတော်သို့ တင်ပြထားပုံ စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြထားလေသည်။
မသန်း(လိုပြ-၂)က ထွက်ဆိုရာ၌ ထိုနေ့နံနက်(၈)နာရီခန့်တွင် သူမ၏ အဒေါ် ဒေါ်ယဉ်နုဧည့်ခန်းတွင်မူးလဲသဖြင့် အိပ်ခန်းကုတင်ပေါ်ပွေ့တင်ခဲ့ပြီး မိသားစုဆရာဝန် ဦးသိန်းမင်းအား အပြေးဆင်းခေါ်ပုံ၊ ဆရာဝန်နှင့်ပြန်လာစဉ် ခင်ဖြူဖြူဝင်းသည် ဒေါ်ယဉ်နုအား ဓားနှင့် ထိုးသတ်နေပုံကို သူမနှင့် ဆရာဝန်ဦးမင်းသိန်းတို့ နှစ်ဦး မြင်တွေ့ရပုံ၊ စလင်းဘတ်ထဲမှတွေ့သော လက်ကောက်မှာ ခင်ဖြူဖြူဝင်း၏ လက်ကောက်ဖြစ်ကြောင်း သူမမှတ်မိပုံတို့ကို ထွက်ဆိုထားပေသည်။
ဦးဘဖြူ(လို-၃)က ၎င်းသည် ဒေါ်ရင်နုနှင့် အရေးကြီးကိစ္စဆွေးနွေးရန်ရှိ၍ ၎င်းမလာမီ ဒေါ်ယဉ်နုထံဖုန်းဆက်ပုံ၊ ဒေါ်ယဉ်နုက လာခဲ့ပါဆို၍ ရောက်လာရာ ဒေါ်ယဉ်နုက လာခဲ့ပါဆို၍ ရောက်လာရာ ဒေါ်ယဉ်နုသေဆုံးနေပြီး ခင်ဖြူဖြူဝင်း၊ မသန်းနှင့် ဆရာဝန်ဦးသိန်းမင်းတို့ရှိပုံ၊ ၎င်းက ရဲစခန်းဖုန်းဆက် အကြောင်းကြား၍ ရဲနှင့်ရပ်ကွက်လူကြီးများ ရောက်လာ၍ ရှာဖွေကြရာ ခင်ဖြူဖြူဝင်း၏ စလင်းဘတ်ထဲမှ လက်ကောက်တွေ့ရပုံ၊ ဒေါ်ယဉ်နုအလောင်းမှ သော့တွဲရှာတွေ့၍ ၎င်းကပင် မီးခံသေတ္တာဖွင့်ကာ ပစ္စည်းများစစ်ဆေးသင့်ကြောင်း အကြံပေးပုံ၊ ရွှေဆွဲကြိုးနှစ်ကုံးနှင့် လက်ကောက်တစ်ကွင်း၊ စာရင်းကွာနေပုံ၊ရွှေဆွဲကြိုးများမှာ စာရင်းအရ နှစ်ကျပ်သားစီခန့်ရှိ၍ ကာလတန်ဖိုး နှစ်သောင်းကျော်ခန့် တန်ဖိုးရှိပုံ၊ ၎င်းသည် ထိုနေ့နံနက် ရှစ်နာရီတိတိတွင် ဒေါ်ယဉ်နုနှင့် တယ်လီဖုန်းပြောခဲ့ရာ ထိုအိမ်သို့ ရှစ်နာရီမိနစ်နှစ်ဆယ်ခန့်တွင်ရောက်လာပုံ၊ အဖြစ်အပျက်များမှာ မယုံနိုင်စရာ မြန်မာဆန်လှပုံများကို ထွက်ဆိုထားပါသည်။
ဆရာဝန်ဦးသိန်းမင်း(လိုပြ-၄)ကလည်း ထိုနေ့နံနက်ရှစ်နာရီလောက်တွင် မသန်းက သူ့အဒေါ်မူးလဲ၍ လာခေါ်ပုံ၊ ၎င်းသည် မိသားစု ဆရာဝန်ဖြစ်ပြီး ဒေါ်ယဉ်နုတိုက်နှင့် တစ်တိုက်ကျော် အောက်ထပ်ခန်းတွင် နေပုံ၊ ဒေါ်ယဉ်နု နှလုံးသွေးကြောကျဉ်းရောဂါရှိနေ၍ ၎င်းက ကုသပေးခဲ့ရပုံ၊ မသန်းနှင့် အတူ အိမ်ပေါ်ရောက်သောအခါ ခင်ဖြူဖြူဝင်းက ဒေါ်ယဉ်နုကို ဓားနှင့်ထိုးနေပုံတို့ကို တွေ့ရပြီး၊ ၎င်းက ဒေါ်ယဉ်နုအားစမ်းသပ်ကြည့်ရာ အသက်မရှိတော့ပုံများကို ထွက်ဆိုထားပေသည်။
ဆက်ပါဦးမည်……