ဘိုးဝါယမနှင့် နှစ်ကျပ်ခွဲကျေးရွာ
ဘိုးဝါယမသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရေငံရွာဇာတိ ဖြစ်သည်။ စိန်ပန်းကုန်းဘုရားတစ်ဝိုက်တွင် နေထိုင်သွားလာ လှုပ် ရှားခဲ့သည်။
ဘိုးဝါယမအား ရေငံရွာတစ်ရွာလုံးသည် အရူး ဟူ၍ပင် သတ်မှတ်ကြသည်။ ဘိုးဝါယမသည် ခဲများ၊ သဲများကို စုပုံ၍ သဲပုံစေတီများ မကြာခဏ တည်လေ့ရှိ သည်။
ဘိုးဝါယမသည် နောင်သောအခါ သင်္ကန်း ဝတ်သည်ဟု ကြားသိရသည်။ သင်္ကန်းဝတ်နှင့်ပင် လက်စွပ်များကို လက်အပြည့် စွပ်တတ်ပြီး လက်ပတ် နာရီလည်း ပတ်ထားသည်။ ဘိုးဝါယမတွင် ထင်ရှားသော တပည့်နှစ်ဦးရှိသည်။
ဘိုးဝါယမသည် အသွင်အမျိုးမျိုးဖြင့် ဝိဇ္ဇာ လမ်းစဉ် လျှောက်လှမ်းခဲ့သည်။ ဘိုးဝါယမသည် ပုပ္ပား တောင်ကလပ်တွင် သီတင်းသုံးနေပြီး “မိုးပေါ်မှာ မာဃ၊ လူ့ပြည်မှာ ဝါယမ' ဟူ၍ အမြဲကြုံးဝါးလေ့ရှိသည်။ ဘိုးဝါယမသည် ရောက်ရှိသောနေရာများရှိ ကျောက် တုံးများပေါ်တွင် ‘မာဃဝါဇိတ်” ဟုလည်းကောင်း၊ စ မ အက္ခရာများဖြစ်သော စ. ဓ. ဗ. ဝ တို့ကိုလည်းကောင်း၊ အက္ခရာစလုံး‘န’ တို့ဖြင့်လည်းကောင်း ထုံးများ၊ မြေဖြူ များဖြင့် ရေးသားလေ့ရှိသည်။
တပည့်တစ်ဦးမှာ တောင်ကိုးလုံးဆရာတော် ဦးစန္ဒာဝရ ဖြစ်၍ နောက်တစ်ဦးမှာ ကျောက်ပန်း တောင်းနေ ထီးတော်လှုပ် ဘုရားအနီးရှိ ဦးသောင်းဖေ ဖြစ်သည်။
တောင်ကိုးလုံးဆရာတော် ဦးစန္ဒာဝရသည် အံ့ကြီး အနောက်ကျောင်း ကျောင်းထိုင်ဆရာတော် ဖြစ် သည်။ တစ်နေ့တွင် ဆရာတော်သည် ရန်ကုန်မြို့၊ စမ်းချောင်းရပ်ကွက်သို့ရောက်စဉ် ဂန္ဓာရီ ၀ိဇ္ဇာဓိုရ် ပေါက်ဆရာတစ်ဦးနှင့် တွေ့ခဲ့သည်။ ထိုသူမှာ ဘိုးဝါယမ ပင် ဖြစ်သည်။
ဆရာတော် ဦးစန္ဒာဝရအား ဘိုးဝါယမသည် ပုပ္ပားသို့ ခေါ်ယူ၍ တရားအတု အားထုတ်ကျင့်ဆောင်ခဲ့ သည်။ ထိုမှတစ်ဆင့် ဆရာတော် ဦးစန္ဒာဝရအား ဘိုးဝါယမသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ကိုးလုံးနယ် မြေသို့ သာသနာပြုရန် စေလွှတ်ပေးခဲ့သည်။
ထိုနေရာတွင် ဆရာတော်ဦးစန္ဒာဝရသည် သာသနာ့နယ်မြေကို ဓာတ်ပန္နက်ရိုက်၍ ပရိယတ္တိ အလုပ်ကို ကျင့်ဆောင်ခဲ့သည်။
ဘိုးဝါယမသည် ပုပ္ပားနယ်ရှိ နှစ်ကျပ်ခွဲ ကျေးရွာတွင်ရှိသော ထီးတော်လှုပ်ဘုရား၌ အဓိဋ္ဌာန် ဝင်လေ့ရှိသည်။ ထိုသို့ အဓိဋ္ဌာန်ဝင်ရာတွင် နှစ်ကျပ်ခွဲ ကျေးရွာမှ ဦးမောင်ပုနှင့် ဦးသောင်းဖေသည် ဘိုးဝါယမ အား အနီးကပ်ပြုစုသော တပည့်ကြီးဖြစ်သည်။
တစ်ချိန်သောအခါက ဘိုးဝါယမသည် ပုပ္ပား နယ်မြေတွင် ကားတံခါးပျက်ကြီးကို စလွယ်သိုင်း၍ ကား မောင်းသကဲ့သို့ တောင်ပေါ်သို့ တက်လိုက် ဆင်းလိုက် ပြုလုပ်နေသည်ကို ပုပ္ပားတောင်တက် ကားလမ်း ဖောက်လုပ်ရန် လမ်းအူကြောင်းရှာသောအဖွဲ့က တွေ့ရှိ ကြသည်။ တွေ့ ရှိသူများက 'အဘ ဘာလိုလဲ' ဟု မေးရာ ‘ငါလည်း ငါ့ဘာသာ ကားလမ်းဖောက်နေတာပေါ့” ဟု ပြန်ဖြေခဲ့သည်။ နောင်တစ်ချိန်တွင် အဘဘိုးဝါယမ အရူးကြီးသဖွယ် တက်ခဲ့ ဆင်းခဲ့သော လမ်းကိုပင် ကား လမ်းဖောက်လုပ်ခဲ့သည်။
ဘိုးဝါယမသည် ထီးတော်လှုပ်ဘုရားတွင် နှစ်စဉ်နှစ်တိုင်း ထမနဲပွဲကို ကိုယ်တိုင်ဦးစီး၍ ကျင်းပလေ့ရှိသည်။
၁၃၃၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ (၂၉-၆-၁၉၇၅)တနင်္ဂနွေနေ့၊ နံနက် ၆ နာရီအချိန်တွင် ရန်ကုန်မြို့ အလုံရပ်ကွက်၊ သစ်တောလမ်း၊ အမှတ်-၄၉၊ ဦးအောင်သိန်း၊ ဒေါ်တင်တင်တို့၏ နေအိမ်တွင် ဘိုးဝါယမသည် ထွက်ရပ်လမ်းသို့ ကြွမြန်းခဲ့သည်။ ရုပ်ကလာပ်တော်ကို ပဲခူး တောင်ကိုးလုံးနယ်မြေတွင် ဂူသွင်း၍ သင်္ဂြိုဟ်ခဲ့သည်။