ကျမ်းပြုအကျော် လယ်တီဆရာတော် အပိုင်း - ၁
သာမဏေဖြစ်ပြီးနောက် ‘ရှင်ဉာဏဓဇ’၏ ပညာရေးနယ်ပယ်သည် ပိုမိုကျယ်ပြန့်လာပေသည်။ ဆရာတော် ‘ဦးနန္ဒ’ကလည်း သာမညရဟန်း မဟုတ်။ စာတတ်ရုံမျှမက ပိဋကတ္တယဝိဒူ၊ တစ်ဆူပါမောက် ထွန်းတောက်သော ပုဂ္ဂိုလ်သူမြတ်ဖြစ်ရာ ‘ရှင်ဉာဏဓဇ’အဖို့ ကြာမျိုးငါးပါးတို့ဖြင့် ဖူးပွင့်တင့်တယ်နေသော ရေကန်ကြီးအလယ်သို့ ရောက်ရှိနေသည့် ပိတုန်းငယ်အလား .........