ကြွေးတွေကြေဖို့
ကြွေးထူတဲ့လူတွေကို အဲဒီအဆောင်တွေပေးလိုက်တာ မနည်းတော့ဘူး။ တော်တော်လေးတန်ခိုးပြတယ်ဟေ့။ ငါလုပ်ပေးတုန်းက ဒစ္စကိုရွှေတောင် မပေါ်သေးဘူးက၊ စီးကရက်ဘူးထဲပါတဲ့ ရွှေရောင်စက္ကူနဲ့ လုပ်ပေးခဲ့တာ။ ယုံယုံကြည်ကြည်တော့ လုပ်ကွာ မနက်စောစောထပြီး နွားနို့ထမင်းချက်ပြီး ဒေဝီမယ်တော်တွေကို လှူကွာ။ အဲဒီယန္တြလေးကိုင်ပြီး ဆုတောင်းတယ်ကွာ။ ကြွေးထူလို့ ရင်ပူနေရတဲ့ လူတော်တော်များများ ထူးထူးဆန်းဆန်း ကြွေတွေကျေသွားတာကို တွေ့ရတယ်ကွ.