လေဆင်နှာမောင်း အပိုင်း - ၁
လေက ပြင်းလာသလိုပဲ၊ ဟုတ်ပ၊ ကောင်းကင်ပြင်က ပို၍ မှောင်လာပြီ။ကြက်များက အစာစားခြင်းကို ရပ်လိုက်ပြီ၊ ကြည့်စမ်းပါဦး ကြက်တွေက ထူးဆန်းစွာ ငြိမ်ကုတ်လို့ပါလား၊ အစက ခြေတစ်ချောင်းထောက် ရပ်နေသော်လည်း နောက် စုံရပ်ကြ၏။ ဦးခေါင်းကလည်း အငြိမ်မရှိ။ ဘယ်ကြည့်၊ ညာကြည့်နှင့်။လယ်ကွင်းထဲ ရောက်နေသော ကြောင်များက အိမ်အရောက် ပြေးကြပြီး၊ ခွေးများက ကြောင်ကို တွေ့သော်လည်း မဟောင်ကြ။ ပြေးလိုက်ခြင်းလည်း မရှိကြ။ ကြောင်များ၏ ....