လွမ်းမိပါသည်
ပထမဆုံးသင်ခဲ့တဲ့ ကျောင်းက ရွှေတောင်လမ်းမှာ ရှိပါတယ်။ ဦးအောင်ကြီး၊ ဦးအောင်လေး တိုက်လို့ မြို့ခံတွေ သိကြတဲ့ တိုက်ကြီးဘေးက ကျောင်းလေးပါ။ ဘဘပုကျောင်းလို့ ကျွန်မတို့ ခေါ်ပါတယ်။ အဘွားရဲ့မောင် အဘပုက ကျောင်းအုပ်ကြီးပေါ့။ မျက်မှန်ထူကြီးအောက်က မျက်လုံးပြူးကြီးနဲ့ ကြည့်လိုက်ရင် နေစရာမရှိအောင် ကြောက်ရပါတယ်။ စာသင်ပေးတဲ့ ဆရာက ဦးစိုးဝေတဲ့။ သူ့သမီးနဲ့ သူငယ်တန်းမှာ စာအတူ...........