မေ့လို့မရမယ့် မိန်းမများ (မောင့် နန်းမြင့်နွယ်) အပိုင်း - ၁
ငါ့မောင်နဲ့ ပတ်သက်လို့ မမနွယ် မသိတာတွေ မရှိပါဘူး။ နောက်မှ အေးအေးဆေးဆေး ပြောပြမယ်။ အခုတော့ ဘုရားရှိခိုးဦးမယ်။ ငါ့မောင်စောင့်နိုင်ပါ့မလား” ဟု မေးလိုက်ရာ မောင်မောင်က . . .“မမနွယ်နဲ့ဆိုရင် အချိန်တွေ ဘယ်လောက်ကုန်ကုန် ကျွန်တော် စောင့်ပါမယ်။ မမနွယ် အေးအေးဆေးဆေး ရှိခိုးပါ” ဟု ပြောလိုက်ရာ နန်းမြင့်နွယ်က ‘တော်တော်ပိုတဲ့ ကိုပို’ ဟု မျက်စောင်းလေး ထိုးလိုက်ရာ မောင်မောင့်၏ ရင်ထဲတွင် ဟီးနိုးကားကြီး ဟွန်းတီးပြီ..