မေ့လို့မရမယ့် မိန်းမများ (နန်းရွှေကြည်တို့ရွာ) အပိုင်း - ၃
န်းမြင့်နွယ်သည် ကုက္ကိုပင်ကြီး တစ်ပင်အောက်ရှိ အမြစ်ကြီးပေါ်သို့ ထိုင်လိုက်၏။ မောင်မောင်လည်း နန်းမြင့်နွယ်ဘေးတွင် ထိုင်ချလိုက်၏။ မောင်မောင်နှင့် နန်းမြင့်နွယ်၏ ကိုယ်လုံးနှစ်ခုသည် ပူးကပ်သွား၏။ မောင်မောင်၏ ရင်ထဲတွင် တဒိုင်းဒိုင်းခုန်နေ၏။ နန်းမြင့်နွယ်ထံမှ အမျိုးအမည်မသိသော မွှေးရနံတို့ ရနေ၏။ မောင်မောင်၏ နှာသီးများမှ ထွက်သောလေသည် နန်းမြင့်နွယ်၏ ဆံစလေးများကို လွင့်နေစေ၏....