မေ့လို့မရမယ့် မိန်းမများ (မေတ္တာအကျိုးကို ဖွင့်ကာပြောမယ်)
မောင်မောင်က ညှပ်ခေါင်ဆွဲကို မန္တလေးပဲကြော်နှင့် မှာ၏။ ဆရာမလေးက မုန့်ဟင်းခါကို ပဲကြော်နှင့် မှာ၏။ ဆရာမလေးက မုန့်ဟင်းခါးဟင်းရည်ပူပူကို ဇွန်းနှင့် တစ်ဇွန်းနှစ်ဇွန်းခပ်သောက်လိုက်ပြီး ငရုတ်သီးမှုန့် သုံးဇွန်းမျှ ခတ်ထည့်လိုက်၏။ ငံပြာရည်ကို ပုလင်းမှကိုင်ပြီး အားရပါးရ မွှေနေ၏။ မောင်မောင်က ဆရာမလေး လုပ်သမျှ ကြည့်နေမိ၏။ သံဇွန်းလေးကို မွှေနေသော သေးသွယ်သည့် လက်ကလေးကို ကြည့်နေမိ၏...........