မိုးတားမြို့မှ အဘိညာဉ်ရ ဆရာတော် ဦးဉေယျဓမ္မ
နွေခေါင်ခေါင် တပေါင်းလဖြစ်သောကာလ၌ အိုင်တလူမြတ်စွာဘုရားပွဲအတွက် ရေအခက်အခဲကို ဒကာ၊ ဒကာမများက လျှောက်ထားကြရာ ဆရာတော်ကြီးကိုယ်တိုင် ဧရာဝတီမြစ်ကမ်းပါးထိပ်မှ အရှေ့ဘက်သို့ မျက်နှာမူ၍ “ရေလိုချင်တယ်ဟေ့” ဟု သုံးကြိမ်ဟစ်အော်လိုက်ရာ မကြာမီ သောင်ပြင်ပေါ်သို့ ရေများလွှမ်းတက်လာကြသည်ကို ယခုသက်ရှိထင်ရှား ဦးရှိန်နှင့်တကွနယ်သူနယ်သားများ အံ့ဩမဆုံးနိုင်အောင် မြင်တွေ့လိုက်ကြ.......