နတ်မောင်နှမနှင့် ဘီလူးများခသည့်ဆရာတော် အပိုင်း - ၂
နွားနို့၊ ကြက်ဥ၊ အသားစဉ်းကောများ ကျွေးရ ခွံရသည့်တာဝန် ကြီးလေးသဖြင့် တစ်နှစ်ခန့်အကြာတွင် ဘေးလွတ်ရာသို့ ပို့ဆောင်လွှတ်ပေးလိုက်ရသည်။ ဤဒေသဝန်းကျင်သည် ဧရာဝတီနှင့် မင်းဝံတောင်တန်းတို့ နီးကပ်စွာ မျဉ်းပြိုင်ရှိနေသဖြင့် ခိုအောင်းစရာပေါများခြင်း၊ အစားအစာ ပေါများခြင်းကြောင့် မြွေးပွေး၊ မြွေဟောက်၊ ငန်းဝါ၊ ငန်းပုပ်၊ တောကြီးမြွေဟောက် စသည့် အဆိပ်ပြင်းမြွေများ ပေါများသည်။ နှစ်စဉ် အသေအပျောက်များ ရှိနေတတ်....