ငွေတောင်က သားကောင် စိန်တောင်က ဆေးမြစ် အပိုင်း - ၃
ထူးဆန်းသော အနံ့တစ်မျိုးသည် ပန်းနံ့နှင့် ရောနေ၏။ နားထဲတွင်ထူးခြားသော အသံတစ်ခုကိုလည်း ညင်းညင်းညံ့ညံ့ကြားမိလိုက်သည်။ ဘာယူ၏ ခြေလှမ်းက ချက်ချင်းရပ်တန့်သွား၏။ စက္ခုသောတ၊ ဃာန၊ ဇီဝ၊ ကာယ၊ မန စသည့် အာရုံအားလုံးကို စုစည်းထားလိုက်သည်။မျက်စိမှာမြင်ရသည်။ နားမှာကြားရသည်။ နှာခေါင်းမှာ အနံ့ရသည်။ ပါးစပ်ကိုစေ့ထားသည်။ ကိုယ်ကိုမတ်ထားသည်။ စိတ်ကို အတည်ငြိမ်ဆုံး ဆောက်တည်ထားလိုက်သည်။ အပ်ကျသည်ကိုပင် မြင်ရကြားရလောက်အောင်...