ပန်းနှစ်ပွင့် အပိုင်း - ၂
အဲ့ဒီနေ့က ပန်းလေးနှစ်ပွင့် ရောက်လာတော့ ချက်ပြုတ်လုပ်ကိုင်စားသောက်ရင်း သူ ပန်းလေးနှစ်ပွင့်ကို မြန်မာဘာသာစကား သင်ပေးတယ်။ သူတို့ကလည်း လိုလိုလားလား သင်ယူတယ်။ တွတ်တွတ် တွတ်တွတ် ရွတ်ဆိုကြိုးစားကြတယ်။ သူတို့တဲလေးမှာ ရယ်သံလေးတွေ ညံနေတယ်။ ညီအစ်မနှစ်ယောက် သူ့ကို ညှပ်ထိုင်နေကြမို့ ရယ်ရင်လည်း သူ့ကို ကိုယ်လုံးတွေနဲ့ ညှပ်တွန်းပြီး ရယ်ကြတယ်......