ပိတောက်ဖူးနှင့် နွေဦးဒေဝီ အပိုင်း - ၂
ဆယ်နှစ်ဆိုတဲ့ ရာသီစက်ဝန်းနီးနီးရှိခဲ့ပေမယ့် နွေဦးလွင်ကို ကျွန်မ မေ့မရခဲ့ပါဘူး။ နှလုံးသားနုနုက မြတ်နိုးစုံမက်ချစ်တတ်တဲ့ အရွယ်မတိုင်မီကတည်းက ကျွန်မနံဘေးမှာအမြဲတမ်းရှိနေတဲ့ ကစားဖော်လေးရယ်ပါ။ “မောင်ရယ် . . . မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ ခဏခဏ တမ်းတဖြစ်မိပါတယ်။ ဟိုတုန်းကလို တကယ်မသေဘဲ ပြန်လာခဲ့ပါလားလို့လေ။ နှစ်တွေကြာလာပေမယ့်.....