ပုဂ္ဂိုလ်ထူးများနှင့် ကျွန်တော် ဆားတောင်ဆရာတော်ဘုရားကြီး ဦးပညာဏိက
အားကိုးမမှားစေနဲ့၊ မိမိကိုယ်ကို အားကိုးရမယ်၊ ခန္ဓာကတော့ သူ့တရားသူ ပြနေတာပဲ၊ လောဘ၊ ဒေါသ၊ မောဟ ဖုံးနေတော့ ဘာမှ မသိခန္ဓာရှိသရွေ့ အမြဲတမ်း ဆင်းရဲနေမှာဘဲ၊ ဆင်းရဲတွင်းကလွတ်ဖို့ တရား အားထုတ်ပါဆိုတော့ မထုတ်ချင်ကြဘူး။ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် တရားကတော့ အားထုတ်ရမှာပဲ အားထုတ်ခွင့်ကြုံတုန်း အားထုတ်ကြ သာသနာပြပြီဆိုတော့ ဝိပဿနာနဲ့ တွေ့ရတာမဟုတ်ဘူး၊ ဒီတော့ပိုနစ်နာတယ်။ တရားအားထုတ်ဖို့တော့မအား