သူကြီးဦးအောင်ရသည် ရွာကိုစွန့်ခွာ၍ မြို့ပေါ်တက်ရန် ဆုံးဖြတ်ချက်ကို ဇနီးမှလွဲ၍ မည်သူ့ကိုမျှအသိမပေးထား။ အနည်းငယ်မျှပင် မရိပ်မိစေရ။ဤကိစ္စသည် လွန်မင်းစွာ အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်သည်။သေရေးရှင်ရေးတ မျှ အရေးကြီးသော မိသားစုအရေးဖြစ်သည်။ ရွာသူရွာသားများ၏ . . . .
အိမ်၏အနီးအနား ပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်၏။ လူရိပ်အယောင် လုံးဝမမြင်ရခြင်း ဖြစ်သည်။ “ကဲပါလေ၊ ရောက်လာမှ မထူးတော့ပါဘူး။ ကောက်ညှင်းပေါင်း ထားခဲ့တော့မယ်” ငှက်ပျောရွက်ပေါ်ကို ကောက်ညှင်းပေါင်းများပုံကာ အိမ်ရှေ့ကြမ်းပြင်ပေါ်တွင် တင်ထားပြီး ခြံထဲမှ ထွက်ခွာ သွားတော့သည်။ မနေ့က ဈေးရောင်းကောင်းသော သူဌေးကုန်းရပ်ကွက်ထဲသို့ . . . .
ရွာလူကြီးသည် တည်ငြိမ်စွာ တစ်ချက်ပြုံးလိုက်သည်။ကျန်သည့်နှစ်ယောက်ကလည်း လေးလေးနက်နက် အပြုံး တစ်ခုစီ ပြုံးလိုက်ကြပြန်သည်။သူတို့သည် အကြောင်းခြင်းရာတစ်ခုကို နှိုက်နှိုက်ချွတ်ချွတ် သိရှိနေကြပုံမျိုးဖြစ် သည်။ ခံစားချက် . . . .
မိဆယ်သည် အုန်းရွှေကို ပြေးပွေ့လေသည်။ကြွက်နီသည် မတ်တက်ရပ်လျက်သား ကြောင်ငေးနေသည်။အုန်းရွှေ သည် ရင်ဘတ်ထဲမှ သွေးတွေ တပွတ်ပွတ်စီးကျလာကာ တဆတ်ဆတ်တုန်ပြီး အကြောဆွဲနေသည်။ပါးစပ်က ကုန်းပေါ်ရောက်နေသော . . .
မြစ်ကမ်းဘက်ရှိ ဓနိတောအုပ်၊အုန်းခြံ၊ကွမ်းသီးခြံတို့သည် အမှောင်အောက်တွင် ငြိမ်သက်ငေးငြိမ်နေကြပေသည်။ လေတိုက်တိုင်း မြစ်ပြင်ကို ဖြတ်၍တိုက်ခတ်နေသော တဟူးဟူးလေအူသံနှင့် မြစ်ကမ်းပါရှိ . . .
လက်မှတ်စစ်များသည် မီးရထားတွဲတွင်းရှိ ခရီးသည်များကို လက်မှတ်ပါ၊ မပါ စစ်ဆေးနေကြသည်။ လက်မှတ်စစ်များ ဆာဒူးကြီးရှိရာ ထိုင်ခုံနားရောက်လာကြသည်။ လက်မှတ်စစ်တစ်ယောက်က “ကျေးဇူးပြု၍ လက်မှတ်ပြပါ” ဟု ဆာဒူးကြီးကို . . . .
နောင်သောအခါမှာပင် ကျွန် တော်သည် ဤချောက်မြို့သို့ ပြန် ရောက်ဖူးဖို့ မလွယ်တော့ပေ။ ကိုယ့် . စိတ်နှင့်ကိုယ်သည် တပ်မှာသာ တည် သောကြောင့် တပ်၏တည်ရာ ဌာန ချုပ်၌ ဘဝကို မြှုပ်နှံရပေတော့မည်။ လူသားတို့ အချင်းချင်း ချစ် ကြိုက်ကြသည်နှင့် . . . .
ကျွန်တော် မသိမသာ တိုးလိုက် သွားသည်။ တောပွဲဖြစ်သည့်အလျောက် ပွဲငတ်နေကြသည့် လူများကလည်း ယခုအချိန်ကပင် ပွဲခင်းထဲသို့ ရာချီ ရောက်နေကြသည်။ တချို့ ဇာတ်ရုံ နားမှာ။ တချို့လည်း မျက်လှည့်ရုံ၊ ဘိုင်စကုတ်ရုံ၊ လောင်ဘော်ရုံ စသည် များတွင် . . . .
မိန်းမချောလေးက ဦးဆောင်ပြီး ပန်းခင်းလေးထဲသို့ ခေါ် လာခဲ့သည်။ ပန်းပင်လေးများက ဖြူ၊ နီ၊ ဝါ၊ ပြာ အမျိုးစုံသည်။ ထို့နောက်´ မြက်ခင်းပြင်လေး။ မြက်ခင်းပြင်လေး ၏ ထိုဘက်တွင် ရေကူးကန်။ မြက်ခင်းလေးနှင့် ရေကူးကန် လေးမှာ သိပ်ပြီးမဆန်းလှပေ။ ပန်းပင်၊ ပန်းတန်း၊ ပန်းခင်းများထဲ၌ ကျွန်တော် မသိမမြင့်ဖူးသော ပန်းပင်လေး . . . .