“အကောင်းဆုံးကတော့ ကျွန်ုပ်တို့ရဲ့ လူ့လောကကြီးမှာ လူသားတစ်ယောက်နဲ့တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ အသတ်ခံရသူတွေရဲ့ အလောင်းတွေ မဖြစ်ပေါ်ခဲ့ရင် အင်မတန် စိတ်ချမ်းသာစရာဖြစ်နေမှာပေါ့ဗျာ။ အဲဒီလို အချိန်ကာလမျိုး ရောက်တဲ့အခါ ........
ဖိုးပေသည် ကစဉ့်ကလျားဖြစ်နေသော စိတ်ကို တည်ငြိမ်စွာ စုစည်းထိန်းချုပ်လိုက်သည်။လူစိမ်းကို မကြည့်တော့။ သူသည် လွယ်အိတ်ထဲမှ မီသတ်ထားသော ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ထုတ်ကာ မီးဖိုထဲမှ မီးခဲတစ်ခဲကိုယူပြီး မီးညှိလိုက်သည်။ တစ်ဖွာ နှစ်ဖွာကို ခပ်ဆောင့်ဆောင့် တဖူးဖူး အသံထွက်အောင် .....
မီးပုံသားခြားသော ရွံ့ရှာထိတ်လမ့်ဖွယ် မျက်နှာကြီးကို မြင်လိုက်ရတော့ မည်သည့်အရာမှ မကြောက်ရွံ့ပါဟု ကြွေး ကြော်ထားသော ဖိုးပေသည် သူ့တစ်ကိုယ်လုံးရှိ သွေးလည်ပတ်မှုများ ရုတ်တရက် ရပ်ဆိုင်းသွားသည့်ပမာ ခံစား လိုက်ရပေသည်။ သူ့ရင်သည်ဖြန်းခနဲ တုန်လှုပ်သွားကာ ပါးစပ်ဟောင်းသားနှင့် ......
သီပေါမင်းလက်ထက်က သည်နယ်တွင် ဓားပြကြီး ဗိုလ်မိုးလုံးကြီးစိုးခဲ့ဖူးရာ စစ်သည်ရဲမက်ုတိ့က ဖမ်းဆီးမိသွားပြီး ညောင်ပင်တွင် ကြိုးတုပ်ကာ မီးရှို့သတ်ခဲ့သည်ဟု အဘိုး၊အဘွားတွေ ပြောဖူးသည်။ဗိုလ်မိုးလုံး၏ အရိုးများကို ညောင်ပင်ခြေရင်းတွင် မြှပ်နှံထားသည်ဟု .....
ကိုဘုန်းကျော်တို့ဆရာတပည့်မှာ လမ်းသာသည့်ဘက်ကို မပြေးမိဘဲ တန်စောင်းကြီး၏ ခေါင်း ရင်းဘက်ကိုသာ စွတ်ပြေးမိကြ၍ အုတ်နံရံကိုသာ အကြိမ်ကြိမ်တိုက်မိပြီး ပက်လက်လန်ကျနေကြလေသည်။ ထိုကဲ့သို့ လေးငါးကြိမ်မကရှိပြီး တစ်ကိုယ်လုံးလည်း သွေးသံရဲရဲဖြစ်လျက် .....
ပန်းရန်ဆရာ ကိုဘုန်းကျော်သည် တပည့်ဖြစ်သူမောင်သိန်းဝင်းနှင့် ပူလောင်တောင်ပေါ်သို့ တက်လာကြ၏။ ကိုဘုန်းကျော်နှင့် မောင်သိန်းဝင်းက ပူလောင်တောင်ဘုရား အာရုံခံတန်စောင်းထဲတွင် တံကဲပန်းတမော့စသော ဗိသုကာပညာရပ်များကို......
“အင်း . . . အခုလိုတစ်ခါ ဒီမိုကရေစီအသွင်ပြောင်းကာလကိုရောက်လာပြန်တော့လည်း တကယ်ညီညွတ်ဖို့ လိုနေတာပဲမောင်။ ကျုပ်မျက်စိတွေ မကောင်းတော့ပေမဲ့ ရေဒီယိုကနေ နှစ်ဆယ့်တစ်ရာစု ပင်လုံအသစ်စာချုပ် ကြဖို့ ဆွေးနွေးနေကြတာတော့ ကြားမိလိုက်သား။ အောင်မြင်ပါစေလို့ပဲ .....
လူရိပ်တစ်ရိပ်က သူတို့ဇရပ်ရှိရာသို့ အလျင်အမြန် ရွေ့လျားလာနေပါသည်။ ထိုလူရိပ် အရပ်ရှည်ရှည်လူဖြစ် ကြောင်းနှင့် ခေါင်းပေါင်းစ တလူလူကြောင့် ခေါင်းပေါင်းစွပ်ထားသူဖြစ်ကြောင်းလောက်သာ သူတို့မြင်နေကြ ရပါသေးသည်။ တဖြည်းဖြည်းတော့ ......
“အေး•• - မောင်ဒေဝ၊ မင်းကိုလည်း ပယောဂ ကိုယ်ခံသက်တော် အင်းကို တိုက်ထားမယ်။ ဣ ရှစ်ချက် အင်းနဲ့ သံရှစ်ချက်အင်း ဆိုပြီး နှစ်မျိုး ရှိတယ်ကွ။ တစ်မျိုးကို သုံးချက်၊ ပေါင်း ခြောက်ချက်သောက်ရမယ်ကွ၊ ဟုတ်ပြီလား။ အေး• • • - · ဒါပေမဲ့ မင်းရဲ့ ကိုယ်ခံအင်းက ..........