စောရနက္ခတ်နှင့် ယှဉ်သောကျောက်ရုပ် အပိုင်း - ၂
ထိုသို့ရှိစဉ် . . . “အရှင် . . . အချိန်ကျပြီ။ သွားကြပါစို့ . . .” ဟူသော အသံဩဩကြီးကို အနီးကပ်ကြားလိုက်ရသည်။ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားရပြီ။ ရှေ့နောက်ဝဲယာလှည့်ကြည့်သော်လည်း လူရိပ်လူယောက် မျှမတွေ့ရ။ ကျောက်ရုပ်ကြီး၏ အသံကားသေချာပါသည်။ မှားစရာမရှိ။....