ထောင်ဂျပိုး ဘသိန်းဇံ အတွဲ (၂) အပိုင်း - ၂
ပြည်လမ်းတစ်လျှောက်တွင် တံတားတွေကျိုး။ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်နေသဖြင့် ခရီးမတွင်လှ။ လမ်းတွင် သုံးညအိပ်ပြီးမှ ပြည်မြို့သို့ ရောက်ခဲ့သည်။ တည်းခိုစရာလည်းမရှိ။ ဘယ်သွား၍ ဘယ်လာရမှန်းလည်း မသိဖြင့် ယောင်ချာချာ ဖြစ်နေသည်။ ယူနီဖောင်းနဲ့ ခြောက်လုံးပြူးတွေ ခါးချိတ်ထားသူများကိုမူ ပြည်မြို့အနှံ့အပြား ဟိုနေရာမှာ တွေ့လိုက်၊ ဒီနေရာမှာ တွေ့လိုက်၊ ထိုပုဂ္ဂိုလ်များကို တွေ့တိုင်း၊ အသိအကျွမ်းများ ပါမလားဟု...