ထောင်ဂျပိုး ဘသိန်းဇံ အတွဲ (၂) အပိုင်း - ၅
သူ့အတွက် ဂုဏ်ရှိသော်လည်း မကျင်ရီလေးခမျာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရ၏။ ဒါမျိုးသတင်း ပေါ်လာရင် ပတ်ဝန်းကျင်ကလည်း မလကား ပဲတင်း၊ ကွင်းခနဲ ကွက်ခနဲ ဝေဖန်တတ်သည့် လူ့ဝါသနာအတိုင်း မကျင်ရီကို အမြှောင်မယားအဖြစ် ဝိုင်းဝန်းချီးပင့်လိုက်ကြ၏။ တစ်ယောက်တည်း မျက်နှာငယ်နေရသည့်အထဲ ပတ်ဝန်းကျင်က သို့ကလို ချီးမြှင့်လိုက်သည်နှင့် မကျင်ရီခမျာ ခေါင်းမဖော်ဝံ့တော့။ မျက်ရည်မစဲအောင် ငိုပွဲဆင်ခဲ့ရ၏.....