တောင်တော်ရွှေပုပ္ပါးက ဘိုးဝါယမ အပိုင်း - ၂
ပုပ္ပါးကျောက်ဖက် လှော်ကားထဲမှ ရော်ဘာခြံတွင် နွေကာလတောမီးလောင်ခဲ့သည်။ မီးမှာ ကျောင်းခြံစည်းရိုးနားသို့ပင် ရောက်နေလေပြီ။ သီလရှင်ကြီး ဒေါ်ပညာကလည်း “အဘရေ ကယ်ပါဦး တောမီးက ကပ်နေပြီ” ဟု ပြောဆို အကူအညီတောင်းရာ ဓားမတစ်ချောင်းကို တောင်းပြီး ခြံစည်းရိုးနားသို့သွားပြီး၊ ပရိတ်ရွတ်သည်။ ထို့နောက် မီးညွန့်ကို ဓားမဖြင့် ခုတ်ပိုင်းလိုက်သည်။ မကြာမီ မီးငြိမ်းသွားပြီး မီးဘေးအန္တရာယ်မှ ကင်းဝေးသွားခဲ့သည်။ (၁-၄-၇၁) နေ့..