တောခြောက်တာလား တကယ်လား အပိုင်း - ၂
နှစ်ယောက်သားတိတ်ဆိတ်သွားကြပြန်လေ၏။ ညသည်နက်သထက်နက်လာသည်။ လဆုတ်ရက်ဖြစ်သဖြင့် သန်ခေါင်ကျော်မှ ထွက်လာသောလတစ်ခြမ်းပဲ့ကလေးကြောင့် သဲသောင်ပြင်သည် ဖွေးဖွေးဖြူလျက်ရှိနေသည်။ နှစ်ယောက်သားမှာ သစ်ကိုင်းများကို ဖက်ကာ မျောက်ငိုက်မျောက်မှေးမှေးနေကြရလေ၏။ မြေပြင်ကဲ့သို့ စိတ်ချလက်ချမအိပ်နိုင်ကြပေ.....