သူ့အရပ် သူ့ဇာတ်နှင့်သူ
ကိုအောင်ထူးကိုကြည့်လိုက်လျှင် မည်သည့်အခါမျှ ပင်ပန်းဟန်မတွေ့ရ။ ကွမ်းယာကလေး တစ်မြုံ့မြုံ့နှင့် ရယ်ရယ်မောမောသာ တွေ့ရသည်။ (၇၁) မိုင်ခရီးကို နေ့စဉ်ဆိုင်ကယ်ဖြင့် သွားချည်ပြန်ချည် ပြုနေသော်လည်း ပင်ပန်းပုံ မတွေ့ရပေ။ မိုးတွင်းကာလဆိုလျှင် မိုးကာအင်္ကျီကြီးတစ်ဖားဖားနှင့် ရောက်လာသည်။ ဆောင်းကာလဆိုလျှင်လည်း အနွေးထည်ဟောင်းကြီးနှင့် တွေ့ရပြန်၏။ နေမကောင်းဖြစ်သည်ဟူ၍လည်း....