သူတို့ဆီက အဆောင်လက်ဖွဲ့ အပိုင်း - ၂
အိပ်မပျော်တာ ကြာလာတော့ ကျွန်တော့်စိတ်ထဲမှာ ပရလောက ကနေပြီး တစ်ခုခုနှောင့်ယှက်နေပြီလို့ ထင်တယ်။ ဒါကြောင့် ပရလောကရဲ့ အနှောင့်အယှက်ကင်းပြီး ကြီးပွားချမ်းသာစေတယ်ဆိုတဲ့ အဆောင်လက်ဖွဲ့တစ်ခုကို မှာလိုက်ဖို့ စိတ်ကူးတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့ မွေးသက္ကရာဇ်နှင့်တကွ မွေးရာဒေသ၊ အချိန်နာရီ စသည်ဖြင့် ပိုပြီးမှာလိုက်တယ်......