သူတို့ရှိနေကြသည်
ကိုအေးသောင်၏ မိခင်က ထိုသို့ပြုလုပ်နေချိန်တွင် သမီးကလေးမှာ ပို၍ပို၍ စူးစူးဝါးဝါးငိုနေလေသည်။ ထို့နောက် ကိုအေးသောင်၏ မိခင်ကြီးက “ဟဲ့ အေးသောင် ရော့၊ ဒီစလောင်းဖုံးကို ယူသွား၊ ခြံထောင့်ကိုသွားစွန့်လိုက်တော့၊ စွန့်တဲ့အခါ မြေကြီးပေါ် မစွန့်နဲ့။ ဖက်ရွက်ကြီးကြီး တစ်ရွက်ခူးပြီး အဲဒီဖက်ရွက်ကို .......