တစ်ပွဲစား သရဲ အပိုင်း - ၂
“အောင်မယ်လေးဗျာ”
ကျုပ် လန့်အော်မိတော့မလို့ဗျို့။ စိတ်ထဲမှာတော့ အော်လိုက်မိတာပေါ့ဗျာ။
နည်းနည်းနောနော အကောင်ကြီးမှ မဟုတ်တာဗျာ။ အရပ်ကြီးက တကယ်ကို ထန်းပင်လောက် ရှိတာဗျို့။ ခြေထောက်ကြီးတွေက သစ်ပင်ကြီးလောက်ရှိတယ်။ နီရဲနေတဲ့ မျက်လုံးကြီးတွေက ပန်းကန်လုံးအကြီးကြီးတွေ မှောက်ထားသလား မှတ်ရတယ်။ ပါးစပ်ပြဲကြီးထဲမှာ အစွယ်ကြီးတွေမှ အရှည်ကြီး.......