တရားခံမဟုတ်သော တရားခံများ အပိုင်း (၂)
ရပ်ကွက်လူကြီး ဦးစိန်မောင်(လိုပြ-၅)က ရဲ အရာရှိ ဦးကျော်ဇံ၏ ထွက်ချက်အတိုင်းပင် ထွက်ဆိုထားသည်။
လက်ဗွေပါရဂူ (လိုပြ-၆) က ဒေါ်ယဉ်နု ကိုယ်ပေါ်မှ ဓားသည် ရိုးရိုးအိမ်သုံး သားလှီးဓားဖြစ်ပြီး ဓားလက်ကိုင်ရိုးပေါ်တွင် ရုံးရှေ့တရားခံ ခင်ဖြူဖြူဝင်း၏ လက်ဗွေရာသုံးခုကို ထင်ရှားစွာတွေ့ရှိရကြောင်း.....