ကျောင်းကြီးကလည်း မပြုံးတွားတက်သွားရာ ရေစပ်မှသည် လတာသောင်ပြင်ပေါ်ထိ မပြုံး၏ တွားတက်သွားရာ စွပ်ကြောင်းအတိုင်း တွားတက်လာလိုက်၊ သွေးနံ့ခံလိုက်နှင့် နောက်က လိုက်နေ၏။ မိကျောင်းကြီးအကိုက်ခံထားရသော မပြုံးပေါင်မှ ဒဏ်ရာက လည်း သွေးစက်တွေ တစ်လျှောက်လုံး ကျကျန်ခဲ့ရာ မိကျောင်း ကြီးကို လမ်းပြနေသလို ............
သောင်ပြင်ကမ်းစပ်သို့ကြောက်ကြောက်ရွံ့နှင့် ကူးခပ်ပြေးလာရင်းမပြုံး နောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ မိကျောင်းကြီးသည် ရေလှုပ်ရှားသံနှင့်အတူ သူ့နောက်ကို ကူးလိုက်လာနေ၏။ ရေကူးပြေးလာနေရင်းက မပြုံးသည် ကြောက်လန့်တကြားနှင့် ငယ်သံပါအောင် အော်ဟစ်အကူ အညီတောင်းနေ၏။ ထိုသို့ အော်လိုက်စဉ် မပြုံးပါးစပ်ထဲ .........
အဖေ ဘယ်လိုပင် နှစ်သိမ့်သော်လည်း ကျွန်မရင်ထဲတွင် ဘဝင်မကျလှပါ။ အမေ့သမီးအရင်းဖြစ်မှန်းတော့ ကျွန်မကိုကျွန်မသိပါသည်။ အမေ၏ မျက်ခုံး၊မျက်လုံး၊ နှာတံအားလုံးသည် ကျွန်မနှင့် ချွတ်စွပ်ပင်တူပါသည်။ မခံချင်စိတ်ကြောင့်သာ မကျေမနပ်နှင့် တွေးမိတွေးရာ တွေမိခြင်းသာ ဖြစ်ပါသည်။ အမေ့ကို ကျွန်မ အလွန်ချစ်ပါသည်။ ကျွန်မတို့ ချစ်သလို အမေဘာကြောင့်များ ..........
ဆရာတော်ကြီးသည် ထိုလယ်တီတိုက်ကြီး၌ပင် ပါဠိစာပေနယ်တွင် အရေးပါဆုံးဖြစ်သော ကျမ်းကြီးနှစ်စောင်ကို ပြုစုတော်မူခဲ့ပေ၏။ ထိုကျမ်းနှစ်စောင်ကား ပါဠိဘာသာဖြင့် ရေးသားအပ်သော အဘိဓမ္မာဆိုင်ရာ ‘ပရမတ္ထဒီပနီ’ အမည်တွင်သော သင်္ဂြိုဟ်၊ ‘မဟာဋီကာ’ကျမ်းနှင့် ‘နိရုတ္တိဒီပနီ’ မည်သော သဒ္ဒါကျမ်းကြီးများပင် ............
ချုံထဲက ပျားအုံကို ဦးစွာမြင်သည့် ကျောက်ခဲက ကျောက်ဒိုးကို ပျားအုံဆီ လက်ညှိုးထိုးပြရင်း မေးငေါ့ပြသည်။ ဖွပ်လိုက်တော့ ဆိုသည့် သဘော။ ကျောက်ဒိုးက သူနည်းအတိုင်း ဆေးလိပ်မီးခိုးကို အသုံးပြု၍ ပျားအုံကိုဖွပ်သည်။ ပျားရည်က တစ်ဆယ်သားခန့်သာရှိမည်။ နောက်ထပ် ဆက်လာကြပြန်ရာ ချုံအတွင်း၌ပင် အတော်အသင့်ကြီးသော ပျားအုံကိုပင် တွေ့ပြန်သည်။ ကျောက်ခဲက ကျောက်ဒိုးကို မေ့ငေါ့ပြသည်။ ဖွပ်ခိုင်းပြန်သည်။ ကျောက်ဒိုးက ...............
နှစ်ဦးသား သမုန်းကွင်းအတွင်းဝင်ခဲ့သည်။ သမုန်းကွင်းအရှေ့ခြမ်း၊ မြောက်ခြမ်းများကို အရင်ရက်က ရှာပြီးသား။ ဒီကနေ့ သမုန်းကွင်း အနောက်ခြမ်းကို ရှာမည်။ တောတိုးမည်ဖြစ်သည်။ ကွင်းစပ်မှ တစ်ဆင့် ကွင်းထဲဝင်သည်နှင့် တောကြွက်များ အောင်းခိုရာ ကြွက်တွင်းတွေကိုတွေ့ရသည်။ ကြွက်လမ်းကြောင်းတွေကို တွေ့ရသည်။ ယုန်ဖြူလေးတစ်ကောင်သည် ..............
ထန်းလှီးဓားအပြားနှင့် သမုန်းကိုင်းကို ပုတ်ခတ်နေသည့် အသံ။ သမုန်းကိုင်နှင့် ဓားအပြားထိသံ။ ကျောက်ခဲက ပျားအုံဘေးရှိ သစ်ကိုင်းအရင်းကို ပုတ်ခတ်နေခြင်းပင်။ ဒီတော့ ပျားများသည် တဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး ပျံသည့်အကောင်ကပျံ၊ မပျံပဲ ပေကပ်ကပ်လုပ်သည့်အကောင်က အုံမှာကပ်နေ၊ အချို့ကဝေးဝေးမပျံပဲ ကျောက်ခဲအနီးအထက်အောက် .........
ဒီတော့ ကျောက်ခဲတို့ ညီကိုမှာလည်း၊ ထင်းခုတ်၊ တောင်ယာလုပ်ရင်းနှင့် ဖခင်၏ဝါသနာအလုပ်ဖြစ်သည့် တောတိုးအလုပ်ကို လုပ်ခဲ့သည်။ ဒီပုတ်ထဲကပဲ, ဒီပဲဟုပဲဆိုဆို၊ မုဆိုးနားနီးမုဆိုးဟုပဲ ပြောပြော၊ ကျောက်ခဲရော ကျောက်ဒိုးပါ ပျားဖွပ်လုပ်ငန်းကို မက်မောသည်။ မြတ်နိုးသည် ကျောက်ဒိုးတို့အတန်းကျောင်းကို လိုက်စဉ်က .....................
ဆင်ရိုင်းအုပ်ကို ပစ်လားခတ်လား လုပ်ခဲ့ရင် ထိရောက်စွာ အရေးယူမယ်လို့ ပြောလိုက်တော့ ဘယ်သူမှ ပါးစပ်မဟကြဘူး။ ကြားရတဲ့ သတင်းတွေက တစ်ခုမှမကောင်းဘူး။ ထင်းခွေသွားရင်း အနှင်းခံရတဲ့ သူနဲ့၊ တော်တော်ကလေး စိုးရိမ်ရတဲ့အနေအထား ကိုရောက်နေတာပေါ့ ဆရာရယ် .........