ရွာတန်းရှည်အသူရကာယ်မှာသုံးည
သူအိမ်ရှင်မိန်းကလေး ကလေးချီကာ ဝတ်လစ်စလစ်ဖြင့် လမ်းမကြီးအတိုင်း မှောင်နဲ့မဲမဲ ပြေးကြလေတော့သည်။ သူ့ ငှက်ကြီးဒေါင်ဓါးကို ကိုင်ကာ ပြေးနေသော လူအုပ်ကြီး၏ နောက်မှနောက်ယောင်ခံ လိုက်သွားတော့၏။ ချောင်းကမ်းနဖူးဘေး သောင်ပြင်တွင် ဝတ်လစ်စလစ်ယောကျ်ား မိန်းမကလေးလူကြီး၊ ခွေးများပါမကျန် ထိုင်နေကြ၏။ မီးဖိုထားသော မီးပုံကြီး လင်းထိန်လျှက်၊ သစ်ပင်ငုတ်တိုကြီး နောက်ကွယ်မှ.....