ရွှေကျင်နယ်က ဗန်းရှင်ကြီးနတ်
တကယ်ပဲ သူခိုးလက် သော့အပ်လိုက်သလိုပါပဲ။ တစ်မိပေါက် တစ်ယောက်ထွန်းပဲ။ ညီအစ်ကိုမောင်နှမ ငါးယောက်ထဲမှာ အစ်ကြီးဆုံး အဆိုးဆုံး မိသားစုရော၊ သူရဲသမိန်တစ်ရွာလုံးကပါ အော်ကြောလန်အောင်ကို မိုက်တွင်းတက်နဲ့ ဖဲသမားပါပဲ။ ဖဲရိုက်ရမယ်ဆို ဘယ်သူ့မျက်နှာမှ မကြည့်တဲ့ တစ်ဘို့တည်းသမားပါပဲ။ မိဘတွေကတော့ ညီအရင်းရဲ့အသက်ကို ငွေနဲ့လဲရမှာဖြစ်လို့...