၂၇ လုံး ပုတီးနဲ့ ဆရာကြီး မင်းသိင်္ခ
မဟုတ်ဘူးလေကွာ၊ ပထမငါးလုံးပဲ အဲဒါနဲ့ စိပ်ရမယ်၊ နောက်ပြီးတော့ ဆယ့်ကိုးလုံးတိတိ အရဟံဂုဏ်တော် ကိုချည် စိပ်ရမယ်၊ ပြီးတော့ သတ္တဝါများ ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုပြီး သုံးလုံးစိပ်ရမယ်၊ အဲဒီတော့ မင်းစဉ်းစားကြည့်လေကွာ၊ အနန္တောအနန္တ ငါးပါးက ငါးလုံး၊ အရဟံက ဆယ့်ကိုးလုံး၊ မေတ္တာပို့က သုံးလုံးဆိုတော့ စုစုပေါင်း နှစ်ဆယ်ခုနှစ်လုံးပေါ့ကွာ.....